အပိုင်း လေး။

6.2K 559 3
                                    

- 𝗦𝗶𝗹𝗲𝗻𝗰𝗲 𝗜𝗻 𝗧𝗵𝗲 𝗠𝗶𝗿𝗿𝗼𝗿 -

မိုးသားနီကျောင်းမလာသည်မှာ အခုဆို သုံးရက်မြောက်နေ့။ လွတ်ဟာနေသည့် ဘယ်ဘက်စားပွဲခုံလေးအား ငဲ့ကြည့်မိတော့ မျက်ရည်တို့ ဝဲလာရပြန်သည်။

" ငါနင့်ကို ရှင်းပြချင်တယ် မိုးသားရယ် "

မေမေ့နှုတ်ကထွက်လို့သာ ယုံလိုက်ရတာ အခုထိ အဲ့ကိစ္စက အိမ်မက်လိုလိုပင်။ ညနေဆို ကျွန်မက အဖေအသစ်နဲ့ အစ်မအသစ်ကို ထပ်ရတော့မယ်တဲ့လေ။ အဖေအသစ်ရတာ ပူဆွေးမနေပေမယ့် မိုးသားစိတ်ငြိုငြင်မှာကိုတော့ မလိုချင်ပါ။

သက်ပြင်းကိုသာ ချနေမိ၏။ မျက်ရည်တွေလည်း ကျလာပုံပါပဲ။ အောက်နှုတ်ခမ်းကို ခပ်တင်းတင်းကိုက်ထားလိုက်တယ် ရှိုက်သံထွက်လို့ ကျွန်မငိုနေမှန်း လူမိရင် လှောင်ကြဦးမည်လေ။ အခုဆို ကာကွယ်ပေးမယ့် သူမမှမရှိပဲ။

ညနေလေးနာရီ။
နေဝန်းကြီးဟာ အရှေ့အရပ်မှ အနောက်အရပ်သို့ စတင်တိုးဝင်နေလေပြီ။ ကားမှန်ကိုချကာ လေကိုတစ်ဝကြီးရှုလိုက်ပေမယ့် ကျွန်မ့စိတ်တွေ လန်းဆန်းသွားခြင်းမရှိ။ ဂါဝန်စကိုသာ စုတ်ချေနေမိသည့်အဖြစ်။ ဟိုရောက်ရင် ကျွန်မသူ့ကို ဘယ်လိုရင်ဆိုင်ရပါ့မလဲ။

အနက်ရောင် suitအပြည့်ဝတ်ထားသော ဗလတောင့်တောင့် အမျိုးသားလေးယောက်က ခြံတံခါးဝတွင် စောင့်ကြပ်နေကြသည်။ ခြံတံခါးမှ အိမ်ပေါက်ဝထိ အနည်းငယ်ကားမောင်းအပြီး ရောက်ရှိခဲ့၏။ အိမ်ပေါက်ဝတွင် ထပ်မံတွေ့ရသော အစောင့်များ။ ကျွန်မတစ်ကိုယ်လုံး ကြက်သီးများပင် ထနေလေပြီ။

ရုပ်ရှင်တွေထဲမြင်ခဲ့ဖူးသော အိမ်ဖြူတော်ကြီးနီးပါး ခမ်းနားလွန်းသည်။ သုံးထပ်အမြင့်ရှိပြီး အကျယ်အဝန်းမှာ ကျွန်မနေခဲ့ဖူးသော ဂေဟာထက်ပင်ကြီး၏။ အိမ်ကြီးက ဘယ်လောက်လှလှပါ မေမေနဲ့အတူ နေခဲ့ဖူးသော အိမ်လိုတော့မဟုတ်။ သဘောကျစရာ နှင်းဆီနီနီတွေ ရှိမနေဘူးလေ။

" နှင်းဆီ အိမ်ထဲဝင်ရအောင် "

ဦးဂုဏ်ရောင်နီအသံကြားမှ ကျွန်မ့အတွေးတွေ ပျောက်ကွယ်သွားရသည်။ ခေါ်ဆောင်ရာအတိုင်း လိုက်ခဲ့တော့ ဧည့်ခန်းထဲသို့ ရောက်လေပြီ။

Silence In The Mirror (completed)Where stories live. Discover now