အပိုင်း တစ်ဆယ့်သုံး။

4.9K 432 10
                                    

" နှင်းဆီ တစ်ဆယ့်ငါးပွင့် "

   မာနတွေဆိုတာ အန်တီ့ရဲ့ခြေဖဝါးအောက်က သဲမှုန်လောက်တောင် အရေးမပါတာမို့ ကိုယ်တောင်းပန်ပါတယ်။ တောင်းပန်ခွင့်လေးပေးပါ ~

***

မနက်ခင်းလေးဟာ ဒီနေ့မှာလည်း ပုံမှန်နီးတူ မလှပခဲ့ပါဘူး။ မျက်ဝန်းအိမ်တို့ ဖွင့်ဟကာ ဘေးတစ်ဖက်အား ကြည့်မိသည်။ မိုးသားနီ ရှိမနေခဲ့ပေ ...

" မောင်ရေ "

မိုးသားနီ စိတ်မကြည်စွာ တောက်တစ်ချက်ခေါက်ကာ ဝရံတာဆီသို့ လှမ်းကြည့်ရလေသည်။
ဝရံတာမှ အဖြူရောင်ညအိပ်ဂါဝန်ရှည်လေးနှင့် ကြွယ်သည် ခြံထဲရှိ ဇနီးဖြစ်သူအား အော်ခေါ်ခြင်းပင်။ နူးညံ့သော အခေါ်အဝေါ်၊ သာယာပျော့ပြောင်းသည့် လေယူလေသိမ်းနှင့် လှပသော ထိုအပြုံး ... အရာရာဟာ မိုးသားနီတစ်ယောက်အတွက်တော့ အနှောင့်အယှက်တစ်ခုသာ ဖြစ်နေခဲ့သည်။

" နှင်းဆီပန်းတွေစိုက်နေတာလား လက်ကိုသတိထားနော်။ အဆူးထိုးမိရင် ကြွယ်ပဲ စိတ်ပူလွန်ရမှာ "

" အဲ့တာ မင်းစိတ်နဲ့မင်းပဲ "

ယနေ့သည်ကား မြန်မာနိုင်ငံရှိ အလုပ်သမားတိုင်းရဲ့ အားလပ်ရက်။ ထို့ကြောင့် မိဘမဲ့ဂေဟာအား သွားလည်ဖို့ရန် ကြွယ်ဆုံးဖြတ်လိုက်သည်။

" ငယ်သွေးကြွယ် "

ကြေးမုံထဲရှိ ထင်ဟပ်နေသော မိမိပုံရိပ်အား ကြည့်ကာ စကားစဆိုမိခြင်း။ ပြုံးမိသည် ... ထို့နောက်မျက်ရည်တို့ကျလာ၏။

ချစ်ရသူအား ပိုင်ဆိုင်ထားရသော ငယ်သွေးကြွယ်သည် သိပ်ကံကောင်းပါသည်။ မိုးသားနီဆိုတာ ဘုရားပေးသော ပျော်ရွှင်ခြင်းလက်ဆောင်လေး။ သို့သော် ချစ်ရသူ၏ နှလုံးသားအား ငယ်သွေးကြွယ် မပိုင်နိုင်တော့ပါ။

အချစ်ဦးမို့ပဲ ရူးတာလား အချစ်ဆုံးဖြစ်သွားလို့ပဲ ရူးရဝာာလား ... သေချာသည်ကတော့ အချစ်ကြောင့်နဲ့ သွက်သွက်ခါအောင် ရူးနေရပါပြီ။

" ငယ်သွေးကြွယ်ရယ် မင်းတကယ်သူ့ကို ဆုံးရှုံးလိုက်ရပြီ "

ဒီကြာသပတေးနာမ် ကြယ်တာရာလေးဟာ သိပ်ကိုမှ အလှမ်းဝေးပါ၏။ ထိုသည်ကိုပဲ မျှော်ငေးကာ ချစ်ရပါသည်။ မြင်အောင်ကြည့်ရင် ကြွယ့်အချစ်တွေကို မိုးသား မြင်ကိုမြင်နိုင်မှာပါ။ တိမ်တိုက်တွေနောက်မှာ ပုံကွယ်နေသ၍ ဒီကြယ်လေးဟာ ဒီလူသားရဲ့ ခံစားချက်အား မြင်နိုင်တော့မည် မဟုတ်တန်ရာ။

Silence In The Mirror (completed)Where stories live. Discover now