အပိုင်း သုံးဆယ်။

4.9K 398 14
                                    

နှင်းဆီပန်းပင်တွေကို ရေလောင်းနေမည့်သူမှာ ဒေါ်လွှမ်းနှင်းဆီ ဟုတ်မနေခဲ့တော့ပေ။ တယုတယ ပန်ဆင်မယ့်သူမရှိတော့သည်မို့ နှင်းဆီနီတွေဟာ ပွင့်လန်းလာလိုက်၊ ညှိုးနွမ်းသွားလိုက်နှင့်သာ သံသရာလည်နေ၏။

" သူပြန်ရောက်နေပြီလား " ဆိုသော မိုးသားနီ၏ အမေးစကားအား ခြံတံခါးလာဖွင့်ပေးသည့် ဂိတ်စောင့်တိုင်း ကြားရခြင်းပင်။ တံခါးဖွင့်ပေးသောသူမှာ တစ်နေ့နဲ့တစ်နေ့ ထပ်တူမကျသော်လည်း အမေးစကားအတွက် အဖြေမှာတော့ ထပ်တူကျလှ၏။

" မရောက်လာပါဘူး မမလေး " တဲ့လေ။

မျက်နှာထားတင်းမာသော မိုးသားနီဟာ မှောင်မိုက်နေသည့် အခန်းငယ်လေးအား လှမ်းကြည့်မိချိန်တိုင်းတွင် ပြုံး၏။ ထိုနည်းတူ နှင်းဆီပန်းပင်တွေနား သွားမိစဉ်တွင်လည်း မျက်ရည်ကျဖို့ မမေ့မလျော့ခဲ့ပါ။

စီးကရက်ကို ရှိုက်ဖွာမိတိုင်း ပြောမိသည်က " လွမ်းတယ် " ဆိုတဲ့ စကား။ သို့သော် ထွက်သွားသူအား တစ်ရက်ကလေးမှ လိုက်မရှာမိပါ။

" လွန်းပိုင် "

" ဗျာ မမလေး "

" ကားအသင့်ပြင်ထား၊ ခဏနေ ပန်းချီ‌လေလံပွဲကိုသွားမယ် "

လေလံပွဲတွင် ဒေါ်လွှမ်းနှင်းဆီ သဘောကျသော ပန်းချီဆရာ၏ လက်ရာတွေလည်းပါမည်ဖြစ်ကြောင်း သတင်းရထားသည်မို့ သွားဖို့ရန်ဆုံးဖြတ်မိခြင်း။ ယခင်ကလို နယ်ဝေးမဟုတ်ပါပဲ ရန်ကုန်တွင်သာ ကျင်းပသည်မို့ သွားလာရတာ တသီးတသန့်ဖြစ်မနေတော့ပေ။ ထို့ကြောင့်လည်း လွန်းပိုင်ကိုပါ တစ်ခါတည်းခေါ်သွားပြီး ကားမောင်းခိုင်းရမည်။

" ဒီပန်းချီကားချပ်လေးရဲ့ နာမည်ကတော့ silence in the mirror ပဲဖြစ်ပါတယ်ခဗျာ။ ကြမ်းခင်းဈေး သိန်းငါးထောင်နဲ့ စပါမယ် "

ခပ်ညစ်ညစ်မှန်တင်ခုံလေးတစ်ခု‌ပေါ်တွင် နှင်းဆီပန်းပွင့်လေးတစ်ပွင့် ရှိနေပေမယ့် ကြေးမုံထဲတွင်တော့ ပုံရိပ်ပေါ်မနေခဲ့ပါ။ ပန်းချီကားချပ်က အများအမြင်မှာတော့ ရိုးရိုးလေးဖြစ်နေနိုင်သည်။ သို့သော် ထိုလက်ရာထဲတွင် ပန်းချီဆရာပြောပြချင်နေသော အဓိပ္ပာယ်လှလှလေးတစ်ခု ရှိနေ၏။

Silence In The Mirror (completed)Where stories live. Discover now