(Unicode)
ရုံးကို ရိပေါ် ခပ်စောစော ထွက်ခဲ့သည်။ သူ ရှောင်းကျန့်ဆီ သွားချင်သေးတယ် မဟုတ်လား။ ကားကို ကိုယ်တိုင်မောင်းပြီး ထွက်လာ ခဲ့လိုက်သည်။
ရှောင်းကျန့် နေထိုင်ရာ ကွန်ဒိုဆီ သူ စောစီးစွာ ရောက်ပါသည်။ အိမ်တံခါးကို မခေါက်တော့ပဲ အလွတ်ရနေတဲ့ password ကို နှိပ်ကာ တန်းဝင်ခဲ့သည်။
*ရိပေါ်...ဘယ်က ဘယ်လို...
အကျင်္ ီလဲနေဆဲ ရှောင်းကျန့်က အလန့်တကြား လှမ်းကြည့်သည်။
*ခင်ဗျားကို စိတ်ပူလို့ လာတာ...
ပြောရင်း ရှောင်းကျန့် ဗယ်လက်ကို ရိပေါ် လှမ်းဆွဲလိုက်သည်။ အနည်းငယ် မျက်နှာ ပျက်သွားတဲ့ ရှောင်းကျန့်ကို ကြည့်ရင်း ရိပေါ် စိုးရိမ်သွားသည်။
*ညက လက်နာသွားတယ် မဟုတ်လား...
*အဟင်း...မင်း မူးနေလို့ သတိမထားမိဘူး ထင်ထားတာ...ကိုယ့် အတွေး မှားသွားတယ်...
ရှောင်းကျန့်က ခေါင်းငုံ့ကာ ရယ်ရင်းပြောသည်။ ရိပေါ်က ရှောင်းကျန့်ကို ဆွဲယူကာ ကုတင်ပေါ်မှာ ထိုင်စေလိုက်သည်။
*first aid box ရှိလား...
အခန်းထဲ လှည့်ပတ်ရှာရင်း ရိပေါ် မေးလိုက်သည်။ ရှောင်းကျန့်က ခေါင်းခါပြသည်။
*ခင်ဗျားလည်း ကျွန်တော့်လို အပေအတေလေးပဲလား ရှောင်းကျန့်...
*ဟား...ဟား...မဟုတ်ပါဘူး...ကိုယ်က လူလိမ္မာလေးပါ...မင်းနဲ့ တွေ့မှ ဒဏ်ရာ ရတာလေ...
*ဒါဆို ကျွန်တော့်ကြောင့်ပေါ့...
ခေါင်းငြိမ့်ပြနေတဲ့ ရှောင်းကျန့် အနားကို ရိပေါ် လျှောက်လာပြီး ရှေ့မှ ဒူးထောက်ထိုင်သည်။ ရှောင်းကျန့်ရဲ့ ဗယ်ဘက်လက်ကို ဆွဲယူပြီး နာနေတဲ့ လက်ကောက်ဝတ်ကို ဖွဖွနမ်းလိုက်သည်။
*ဒီလောက်ဆို ပျောက်မလား...
*ဟား...ဟား...တော်ပါကွာ...ကိုယ့်ဘာသာ လမ်းကျမှ ပတ်တီးဝယ်ပြီး စည်းလိုက်ပါတော့မယ်...
*ဒီပုံနဲ့ ခင်ဗျားက ကားမောင်းဦးမယ်ပေါ့...
*မမောင်းလို့...
ကိုယ် ရုံးကို ဘယ်လို သွားမလဲ...
YOU ARE READING
You are .....(U&Z) - Completed