အပိုင်း ၃၄ (U&Z)

2.9K 198 2
                                    

(Unicode)

ရိပေါ် မျက်နှာ ပူပူနဲ့ ရှောင်းကျန့် အလုပ်ခန်းထဲမှ အပြေးထွက်လာခဲ့သည်။

ငါကလည်း...ငါပဲ...ဒီလောက် ကိုကို အော်နေတာကို သတိမထားမိဘူး...
ကိုကိုတော့ ဘယ်မျက်နှာနဲ့ ကျန်ခဲ့ပြီလဲ မသိဘူး...ဟီး...

တယောက်ထဲ ကားမောင်းလာရင်း အတွေးနဲ့အတူ ရိပေါ် ရယ်မောမိတော့သည်။ သို့သော် ရုတ်တရက် လူးဝစ်စ်ရဲ့ မင်းနဲ့ မင်းကောင်လေး ပြတ်သွားပြီလား ဆိုတဲ့ စကားကို ကြားယောင် လာမိသည်။

အင်း...လူးဝစ်စ်က ဘာလဲ...ငါနဲ့ ကိုကို့ကို ဘယ်လိုကြောင့် ပြတ်စေချင်နေတာလဲ...ငါ သူ့အကြောင်းကို သိရမှ ဖြစ်မယ်...ဘယ်လို လုပ်ရမလဲ...
အာ...ဟုတ်ပြီ...

ရိပေါ်က ကားကို သင့်တော်ရာ လမ်းဘေး တ​ေနရာမှာ ကပ်ရပ်လိုက်သည်။ သူ့ဆီမှာ ဟိုတလောက ရှောင်းကျန့် ဓာတ်ပုံ ကူးယူစဥ်က လူးဝစ်စ် ဖုန်းနံပါတ် ရခဲ့ကြောင်းကို သတိရမိသည်။

အာ...တွေ့ပြီ...ဒါပဲ...

ထိုနံပါတ်ဆီ ရိပေါ် ချက်ချင်း ဖုန်းခေါ်လိုက်သည်။

*ဟဲလို...လူးဝစ်စ်အယ်လန်ပါလား...

*ဟုတ်ပါတယ်...ပြောပါ ရိပေါ်...

ချက်ချင်း မိမိ နာမည်ကို ခေါ်လိုက်သဖြင့် ရိပေါ် အံ့ဩ သွားရသည်။

*​ေဩာ်...ခင်ဗျားက ကျွန်တော့်နံပါတ်ကို မှတ်မိနေတာပဲ...

*ဒီလိုပေါ့ဗျာ...ကျွန်တော်က ဒီမှာ မိတ်ဆွေ သိပ်မရှိသေးတော့ အရေးပေါ် အကူအညီအတွက် ဆိုပြီး...သိရသလောက်ကို မှတ်ထားရတာပေါ့...ပြောပါ ရိပေါ်...ဘာကိစ္စရှိလို့လဲ...

*အား...ဒီလိုပါ...ကျွန်တော်က ပြင်သစ်မှာ တိုက်ခန်း ရှိသေးတယ်...လောလောဆယ်တော့ သူငယ်ချင်း တယောက် နေတယ်ပေါ့...အဲ့ဒါ အခု မိတ်ဆေွတယောက်က ကျွန်တော့်ရဲ့အဲအိမ်ခန်းအတွက် ပစ္စည်းမှာ ပေးထားတယ်...ဒါပေမယ့် delivery date မှာ သူငယ်ချင်းက အခန်းမှာ မရှိနိုင်ဘူးတဲ့လေ...အလုပ်ကိစ္စနဲ့ တလလောက် အပြင်ရောက်နေမယ် ဖြစ်နေလို့...ဟိုဘက်ကလဲ ပို့လိုက်ပြီတဲ့...အဲ့ဒါ ခင်ဗျားရဲ့ ပြင်သစ်က အိမ်ကို ခဏလောက် ပို့ထားလို့ ရမလားလို့ပါ...သူ ပြန်ရောက်တော့ လာယူပါလိမ့်မယ်...မဟုတ်ရင် ထုတ်ဖို့ မလွယ်သလို...ဟိုဘက်ကို ပြန်ပို့လိုက်ရင်လည်း ၂ ခါကုန်မှာမို့ပါ...

You are .....(U&Z) - CompletedWhere stories live. Discover now