အပိုင်း ၃၉ (U&Z)

2.9K 201 1
                                    

(Unicode)

*ဝမ်ကောကော...

ရံုးခန်း အပေါက်မှ ခေါ်သံကြောင့် ရိပေါ် လှမ်းကြည့်လိုက်သည်။

*​ေဩာ်...မင်ရိ လာလေ...အပြင်မှာ မုန့်လျန် မရှိဘူးလား...

*ဟုတ် ဝမ်ကော...မရှိဘူး...

ရိပေါ် က စိတ် ကသိကအောက် ဖြစ်ပေမယ့် ကျောက်မင်ရိကို ပြုံးပြလိုက်သည်။

*ဘာကိစ္စရှိလို့လဲ မင်ရိ...ထိုင်လေ...

*ဟိုလေ...ဟိုတနေ့က ကိစ္စကို...ဝမ်ကော အထင်လွဲမှာ စိုးလို့ပါ...အဲ့ဒါ...

*ဘာကိစ္စလဲ...
​ေဩာ်...သိပြီ...ရပါတယ်...နောက်မဖြစ်စေနဲ့ပေါ့...

*ဟုတ်ကဲ့ပါ ဝမ်ကော...တော်သေးတာပေါ့...ကျွန်တော်က ဝမ်ကော အထင်လွဲမှာ စိုးနေတာ...ဝမ်ကောဆီ လာရှာသေးတယ်...မတွေ့လို့ပါ...တကယ်က ဝမ်ကောကို စိတ်ပြေလက်ပျောက် ဖြစ်​ေစချင်ရုံပါ...ဒါပေမယ့် မထင်မှတ်ပဲ...ပြဿနာတွေလည်း ဖြစ်သွားတာ ဆိုတော့...အားနာနေတာ...
တော်သေးတယ်...ကျွန်တော်ကို ဝမ်ကော စိတ်မဆိုးဘူးပေါ့နော်...

ရိပေါ် ပြုံးမိသည်။

မင်းရဲ့ စိတ်ပြေလက်ပျောက်က...ငါ့ကို ကိုကိုနဲ့ ကွဲစေနိုင်တယ် မင်ရိ...

*အင်း...

*အား...ဝမ်းသာလိုက်တာ...ဒါဆို ဝမ်ကော ကျွန်တော်နဲ့အတူ တနေရာကို လိုက်ခဲ့ပေး...

*ဘယ်ကိုလဲ...

*အဲ့ဒါက လျှို့ဝှက်ချက်...လာ သွားမယ်...

မိမိ လက်ကို လာဆွဲတဲ့ ကျောက်မင်ရိကို ရိပေါ်က မသိမသာ ရှောင်ထွက်လိုက်သည်။

*ခဏလောက် နေပါဦး...ကိုယ် မုန့်လျန်ကို မှာစရာ ရှိသေးတယ်...

*ဟုတ်...ဒါဆို စောင့်မယ်လေ...

ကျောက်မင်ရိက ဆိုဖာမှာ ပြန်ထိုင်ရင်း ပြောသည်။ ရိပေါ်က ရှောင်းကျန့် ကို သွားခေါ်လာဖို့ မုန့်လျန်ဆီ message ပို့ိလိုက်သည်။

*ကြာလိုက်တာ...ဝမ်ကော အတွင်းရေးမှူးက အိမ်ပြန်သွားတာ များလား...၁ နာရီလောက် ရှိတော့မယ်...စောင့်နေရတာ...ဟင်း...

အလိုမကျသလို စူပုတ်နေတဲ့ ကျောက်မင်ရိကို ပြုံးပြလိုက်ရင်း ရိပေါ်က အလုပ် ဆက်လုပ်နေခဲ့သည်။

You are .....(U&Z) - CompletedWhere stories live. Discover now