အပိုင်း ၄၁ (U&Z)

3.1K 195 1
                                    

(Unicode)

ရိပေါ် ရုံးခန်းထဲ ထိုင်ရင်း မုန့်လျန် ပေးခဲ့တဲ့ စာအိတ်ကို နောက်တကြိမ် ထပ်ပြီး ဖတ်လိုက်သည်။

*ဘာကြောင့်လဲ...ငါက ဘာများ လုပ်မိလို့လဲ...ဘာအကြောင်းနဲ့များ...

ရိပေါ် အတွေးတို့ ပျံ့လွင့်နေခဲ့သည်။ အဆက်အစပ် မရှိတဲ့ ပန်းချီကား တခုကို ဆက်နေရသည့်နှယ် ရိပေါ် ခံစားနေရသည်။

*သူဌေး...ကျောက်မင်ရိ ရောက်နေပါတယ်...

မုန့်လျန် အသံကြောင့် ရိပေါ်က လှမ်းကြည့်ပြီး ခေါင်းငြိမ့်ပြကာ စားပွဲပေါ်မှ စာအိတ်ကို အံဆွဲထဲ ပြန်ထည့်လိုက်သည်။

*ဝမ်ကော...

*လာလေ...မင်ရိ...ထိုင်...

ကျောက်မင်ရိက လွတ်လပ်ပေါ့ပါးစွာနဲ့ ဆက်တီမှာ ဝင်ထိုင်လေသည်။

*ဟာ...ဝမ်ကောက လုံးဝ စတိုင်လ် ကျတယ်...ဒါ ဟိုတခေါက်က...ကျွန်တော် ဝယ်ပေးတဲ့ suit ကို ဝတ်ထားတာ မဟုတ်လား...မိုက်တယ်...

စားပွဲမှ ထ လာတဲ့ ဝမ်ရိပေါ်ကို ကြည့်ပြီး ကျောက်မင်ရိက ဝမ်းသာအားရ ပြောလိုက်သည်။

*ကိုကို ဝယ်လိုက်တာပါ...မင်း မပေး လိုက်ရပါဘူး မင်ရိရယ်...ကိုကိုက သူ့ အမျိုးသားအတွက် သူ့ စိတ်ကြိုက်ရွေးပြီး ဆင်ချင်တာ...သူ့ အကျင့်လေ...

*ဟင်...

ကျောက်မင်ရိ မျက်နှာ ကွက်ကနဲ့ ပျက်သွားသည်။ ဝမ်ရိပေါ်နဲ့ မိမိကြားက ေပြာစရာ ခေါင်းစဥ်တခုကို ရှောင်းကျန့်က လွယ်လွယ်ကူကူပင် ဖျက်စီး လိုက်ပြန်သည် မဟုတ်လား။

ရိပေါ်က ကျောက်မင်ရိ ရှိရာ ဆက်တီဆီ မသွားပဲ မှန်ပြတင်းဆီ လျှောက်သွားလိုက်သည်။

*မင်ရိ...ဘဝမှာ ငွေက သိပ်ပြီး အရေးပါတယ်လို့ ထင်လား...ငွေအတွက် ဘဝတွေကို ဖျက်စီးပစ် ရရင်ရော တရားတယ်လို့ ထင်လား...

ရိပေါ်က စဥ်းစဥ်းစားစား မေးလိုက်သည်။ ကျောက်မင်ရိက မျက်နှာ ပျက်သွားပေမယ့် ဝမ်ရိပေါ်ဆီ သွားကာ ရင်ခွင်ထဲကို တိုးဝင်လိုက်သည်။

*ဟင့်အင်း...ကျွန်တော့် အတွက်တော့ ဝမ်ကောက ပိုပြီး အရေးပါတယ်...ကောကို ပိုင်ဆိုင်ခွင့် ရချင်တယ်...ကော အနားမှာ နေချင်တယ်... ကျွန်တော်...တကယ်ပဲ ကောကို...

You are .....(U&Z) - CompletedWhere stories live. Discover now