(Unicode)
ရှောင်းကျန့်နဲ့ ဝမ်ရိပေါ်တို့ရဲ့ မဂင်္ လာသတင်းက တရုပ်စီးပွားရေး လောကကို တုန်လှုပ် သွားစေသည်။ လက်ထပ်ခြင်း အစဥ်အလာမှာ တင်းကြပ်တဲ့ ဓလေ့ထုံးတမ်းရှိတဲ့ တရုပ်ပြည်မှာ ယောကျာ်းလေး နှစ်ယောက် လက်ထပ်တာက လူမှု အသိုင်းအဝိုင်းကြား ပြောစရာ အပြစ်တခုလို ဖြစ်နေသည်။
နေ့စဥ် သတင်းတွေမှာ ခေါင်းကြီးပိုင်းက ပါလာသလို။ လူမှု ဝန်းကျင်က social network တွေမှာပါ ရေပန်းအစားဆုံး သတင်း ဖြစ်လာတော့သည်။ ထောက်ခံသူများနဲ့ ကန့်ကွက်သူများ အကြား အငြင်းပွားမှုတွေကလည်း နေ့စဉ် ရက်ဆက် တိုက်ပွဲတခုလို ပြင်းထန်နေသည်။
ပိုထူးဆန်းတာက ရှီးဝမ်နဲ့ ပိုင်ထုကျီ ကုမ္ပဏီတွေရဲ့ ရှယ်ယာ စျေးနှုန်းတွေပင်။ လူမှု ပတ်ဝန်းကျင်ရဲ့ အပြောအဆို ခံရမှုကြောင့် ဆုတ်ယုတ်သွားမယ် ထင်ထားကြတဲ့ ကုမ္ပဏီ ရှယ်ယာ စျေးနှုန်းေတွက မယုံနိုင်လောက်အောင် တရိတ်ရိတ် တက်လာနေခြင်းပင်။ ဒါကပင် အဆိုးထဲက အကောင်းလို့ ယူဆရမည် ထင်သည်။
ရိပေါ် မနက် ရုံးရှေ့ရောက်လို့ ကားပေါ်က ဆင်းတာနဲ့ သတင်းထောက်ပေါင်း များစွာက အလုအယက် ပြေးဝင်လာကြသည်။
*မစ္စတာဝမ်ကို အခုလက်ရှိ မဂင်္ လာပွဲနဲ့ ပတ်သတ်ပြီး မေးပါရစေ...
*မစ္စတာဝမ်က မိန်းကလေးထက် ဘာလို့ ယောကျာ်းလေး အိမ်ထောင်ဘက်ကို ရွေးခဲ့တာလဲ...အကြောင်းအရင်းကို သိပါရစေ...
*ဘယ်အချိန်မှာ မစ္စတာဝမ်တို့ စပြီး တွဲခဲ့တာလဲ...
*အခုကြားနေရတဲ့ မဂင်္ လာသတင်းက နှစ်ဘက်လုံးရဲ့ သဘောတူညီမှုလား...
*အပေးအယူ ဆန်ဆန်...လုပ်ခဲ့တယ်လို့ ပြောတဲ့ ဒီမဂင်္ လာပွဲနဲ့ ပတ်သတ်ပြီး...ဘာများ ပြောချင်ပါသလဲ...မစ္စတာဝမ်...
*အခု မဂင်္ လာပွဲကြောင့် ရှီးဝမ်က ပိုင်ထုကျီ ကို အရှိန်အဝါနဲ့ ဖိအား သုံးပြီး သိမ်းပိုက်လိုက်တာလို့ ပြောနေကြတဲ့ အပေါ် ဖြေပေးပါဦး...
အမေးနဲ့အတူ ပြေးဝင်လာတဲ့ သတင်းသမားများကို ကုမ္ပဏီ လုံခြုံရေး ဝန်ထမ်းများက အပြေးလာကာ တားဆီးရသည်။ ရိပေါ် စိတ်ရှုပ်ထွေးစွာနဲ့ ခေါင်းခါလိုက်သည်။
![](https://img.wattpad.com/cover/287657016-288-k668664.jpg)
YOU ARE READING
You are .....(U&Z) - Completed