အပိုင်း ၅ (U&Z)

4.5K 310 1
                                    

(Unicode)

သချိ င်္ုင်းထဲသို့ ကားကို တရကြမ်း မောင်းကာ ရှောင်းကျန့် ဝင်ခဲ့သည်။

*ကိုယ် ရောက်ပြီနော်...မင်းဆီ လာနေပြီ...

*မြန်မြန်လာပါ...ကျွန်တော် တကယ် ကြောက်လို့ပါ...

ခပ်လှမ်းလှမ်းဆီက မီးရောင်မှိန်မှိန်ကို ရှောင်းကျန့် မြင်လိုက်ရသည်။ ကားကို ရပ်ကာ ထိုနေရာဆီ အုတ်ဂူများကြားမှ ရှောင်းကျန့် ခပ်သွက်သွက် လျှောက်လာခဲ့သည်။

ဝမ်သူဌေးရဲ့ အုတ်ဂူရှေ့မှာ ဒူးနှစ်ဘက်ကို ပိုက်ကာ မျက်နှာကို ဝှက်ရင်း ထိုင်နေတဲ့ ကောင်လေးကို တွေ့လိုက်ရသည်။

*ရိပေါ်...

နံဘေးမှာ ဒူးထောက်ထိုင်ရင်း ရှောင်းကျန့် ခပ်တိုးတိုး ခေါ်လိုက်သည်။ တုန်ယင်နေတဲ့ ခန္ဓာကိုယ်လေးက ဆတ်ကနဲ့ တုန်ကာ လှည့်ကြည့်သည်။ မျက်ဝန်းအိမ်မှာ မျက်ရည်က အပြည့်.....

*ကိုကို...ကိုကို ရောက်လာပြီ...ဒီလောက်ကြာနေတော့ ကျွန်တော့်ကို လာခေါ်မယ်လို့ တကယ် ထင်မထားတော့တာ...

*ကိုယ် လာခေါ်မယ်လို့ ပြောထားတယ်လေ ရိပေါ်ရယ်...

မိမိကိုဖက်ကာ သည်းကြီးမည်းကြီး ငိုနေတဲ့ ကောင်လေးကို ရှောင်းကျန့် ထွေးဖက်ထားပေးလိုက်သည်။

*ပြန်ရအောင်...ဒီလောက် အေးနေတာ...မင်း ဖျားတော့မှာပဲ...

*ကျွန်တော် စံအိမ်ကို မပြန်ဘူးနော်...အဲ့ မိန်းမကြီးနဲ့ မျက်နှာချင်း မဆိုင်ချင်ဘူး...အိမ်မပြန်ဘူးနော်...ကိုကို နော်...

ရင်ခွင်ထဲ မျက်နှာလေး အပ်ရင်း ကလေးတယောက်လို ဝမ်ရိပေါ် က ဂျီတိုက်နေသည်။

*ကြည့်စမ်း...မင်း ဘီယာတွေ သောက်ထား ပြန်ပြီလား...

ပတ်ဝန်းကျင်မှာ ပျံ့ကျဲ နေတဲ့ ဘီယာဗူးခွံများကို ရှောင်းကျန့်စုလိုက်သည်။

*နည်းနည်းပါ ကိုကိုရယ်...ခေါင်းတွေ ပူလွန်းလို့ ကျွန်တော် စိတ်ထွက်ပေါက်ပေးထားတာ...ဒီတရက်ထဲပါ...တကယ် တရက်ထဲ...နောက် မသောက်ပါဘူး ကိုကိုရယ်...နော်...နော်လို့...

You are .....(U&Z) - CompletedWhere stories live. Discover now