အပိုင်း ၁၇ (U&Z)

3.8K 269 2
                                    

(Unicode)

ဝမ်ရိပေါ်ရဲ့ ဇိုးဇိုးဇက်ဇက် အပြုအမူကြောင့် ရှောင်းကျန့်တယောက် ပါးစပ်လေး ပိတ်ကာ လိုက်ခဲ့ရသည်။ ကိုယ့်ထက် အငယ်ကို ကြိုက်ရတာ နည်းနည်းတော့ ကသိကအောက် နိုင်တယ် မဟုတ်လား။ လမ်းတလျှောက် မျက်လုံးလေး ထောင့်ကပ်ကာ ဝမ်ရိပေါ်ကို အကဲခတ်ရသေးသည်။

စိတ်တော့ မဆိုးတော့ဘူး ထင်ရတာပဲ...

*လာ...ရောက်ပြီ ဆင်းတော့...

ငြိမ်ငြိမ် တိတ်တိတ်လေး ကားပေါ်က ဆင်းသွားတဲ့ ရှောင်းကျန့်ကို ကြည့်ပြီး ရိပေါ် ရယ်ချင်လာသည်။

*ကိုကို...အဲ့လောက်ကြီး တိတ်ဆိတ်မနေနဲ့လေ...

*မင်း...ကိုယ့်ကို တခုခု ထပ်လုပ်ရင် ဘယ်လို လုပ်မလဲ...

*လိမ်လိမ်မာမာ နေရင် မလုပ်ပါဘူး...

*တော်စမ်းပါကွာ...

မျက်စောင်းထိုးကာ ရှေ့မှ စိုက်စိုက်နဲ့ ထွက်သွားတဲ့ ရှောင်းကျန့် နောက်ကို ရိပေါ် အပြေးလိုက်ကာ ဆွဲလိုက်သည်။

*ပြောတော့ ကျွန်တော့်ကို လိုက်ချော့တာဆို...အခု ကိုကိုက ပြန် စိတ်ကောက်တယ်ပေါ့...

*ကိုယ် မကောက်ချင်ပါဘူး...သူ့ဘာသူ ကောက်သွားတာတော့ ကိုယ်လည်း မတတ်နိုင်ဘူးလေ...

ရိပေါ် ပျော်ရွှင်စွာ ရယ်မောရင်း ရှောင်းကျန့် လက်ကို ဆွဲကာ honeymoon bangalore ထဲ ဝင်ခဲ့သည်။

*ကိုကို့ အဝတ်အိတ်ကို ဟိုဘက် resort ကနေ သွားယူခိုင်းလိုက်မယ်...ဟိုဘက်ကို မပြန်နဲ့တော့...

*ဟင်...ကိုယ့်အဖွဲ့က အဲ့မှာလေ...ပြီးတော့ ကိုယ်တို့ သဘက်ခါဆို ပြန်မှာ...ထားလိုက်ပါ...

*ခင်ဗျားကို ဘယ်သူက ပြန်ခိုင်းလို့လဲ...ကျွန်တော့်ကို စိတ်တိုအောင် လုပ်ထားပြီးမှတော့ ပြန်လွှတ်မယ် ထင်လို့လား...ကျွန်တော် ပြန်မှ ပြန်ရမယ်...

ရှောင်းကျန့် ခေါင်းခါမိသည်။ ဒီကောင်လေးကို ရင့်ကျက်လာအောင် သူ ဘယ်လို လုပ်ရမလဲ။

❣ ❣❣ ❣❣❣

ချိန်နုယဥ် တယောက် စီမံဌာနမှ ဝန်ထမ်း ၃ ယောက်နဲ့အတူ Sanya လေဆိပ်မှာ ရောက်နေခဲ့သည်။ မနက်ပိုင်း အစောဆုံး လေယာဥ်နဲ့ ပြန်မှ နေ့လည် ရုံးချိန်မီမှာမို့ မိုးမလင်းခင်ကပင် လေဆိပ်ဆင်းခဲ့ရသည်။

You are .....(U&Z) - CompletedWhere stories live. Discover now