အပိုင်း ၁၂ (U&Z)

3.7K 283 4
                                    

(Unicode)

ချိန်နုယဥ်ရဲ့ဖက်ထားခြင်းကို ခံ​ေနရတဲ့ ရှောင်းကျန့်တယောက် စိတ်မသက်မသာနဲ့ ရှိနေသည်။ ဟုန်ကျင်းကလည်း တော်တော်နဲ့ ရောက်မလာနိုင်သေး။ ရှောင်းကျန့် သက်ပြင်းချရင်း ချိန်နုယဥ်ကို ဘယ်လို ဖယ်ရမည်မသိ ဖြစ်နေရတော့သည်။

*သူဌေး...

*ဟော...ဟုန်ကျင်း...လာ လာ...

ရှောင်းကျန့် မျက်နှာလေး ဝင်းပကာ ဟုန်ကျင်းကို အမြန်ခေါ်လိုက်သည်။ ဟုန်ကျင်း ဝင်လာမှ ချိန်နုယဥ်က ကိုယ်ရှိန် သတ်သွားသလို ရှောင်းကျန့် လည်း အသက်ရှူချောင်တော့သည်။ ထိုအခါမှ ဆက်တီခုံ မှာ ထိုင်ရင်း ချိန်နုယဥ်က တရှုံ့ရှုံ့ ငိုပြန်သည်။

ရှောင်းကျန့် ထွက်ပြေးချင်နေပြီ။ ဟုန်ကျင်းကတော့ ပြုံးစေ့စေ့နဲ့ သူ့ သူဌေးကို ကြည့်နေသည်။

*အာ...ချိန်နုယဥ် က ဘာဖြစ်လို့ ငိုနေတာလဲ...

*သူတို့ မောင်နှမ ပြဿနာပါကွာ...ဟုန်ကျင်း မင်းက မိသားစုများတော့...အဲ့လို ပြဿနာတွေကို ကြုံရမှာပဲလေ...အဲ့တော့ အကြံဉာဏ်လည်း ပေးတတ်မှာပေါ့...မင်း နားထောင်ပြီး အကြံလေး ဘာလေး ပေးလိုက်ပါဦး...ဒါမှ ပြဿနာ ေအးသွားမှာ...
ကဲ...နုယဥ်...ကျွန်တော်က လက်စသတ်စရာ အလုပ်လေး နည်းနည်း ရှိနေလို့...ဟုန်ကျင်းနဲ့ ပြောကြပါ...လွတ်လွတ်လပ်လပ်သာ ပြောကြ...ကျွန်တော့်ကို အားမနာနဲ့...

ရှောင်းကျန့် တယောက် ချိန်နုယဥ် ဘေးက ဆက်တီမှ ထကာ အလုပ်စားပွဲဆီ ထပြေးလေတော့သည်။ မဟုတ်ရင် နောက်တကြိမ် ငိုချင်းမှာ သူ ထပ်ပြီး အဖက်မခံရဘူးလို့ ဘယ်သူ အာမခံ နိုင်မလဲ။

အချိန် ဘယ်လောက် ကုန်သွားသည် မသိ အနားကို ဟုန်ကျင်း လာရပ်မှ ရှောင်းကျန့် လှည့်ကြည့်မိသည်။

*သူဌေး...ချိန်နုယဥ်က ပြန်တော့မယ်တဲ့...

*​ေဩာ်...အေး အေး...ဘယ်လိုလဲ စိတ်ပြေသွားပြီလား နုယဥ်...ဟုန်ကျင်းက တကယ့်ကို အစ်ကို ပီသတဲ့သူနော်...မောင်နှမ ၅ ယောက်ရှိတာ...သူက သူ့ မိသားစုထဲမှာ အကြီးဆုံးသား ဆိုတော့...တကယ့်ကို စာနာတတ်တဲ့ လူကြီးလေးပါပဲ...ပြီးတော့ အကြံဉာဏ်လည်း ပေးတတ်တဲ့ သူပါ...

You are .....(U&Z) - CompletedWhere stories live. Discover now