အပိုင်း ၄၇ (U&Z) Final

8.2K 337 34
                                    

(Unicode)

*အာ...မောင် ပြန်လာပြီ...စောသားပဲ...ရုံးကို ဖုန်းဆက်တော့ မောင် လေယာဥ် ချိန် ပြောင်းပြီး စောပြန်လာမယ်ဆိုလို့ ကိုယ် အလုပ်မသွားဘဲ...စောင့်နေတာ...

မိမိကို အပြေးဖက်ကာ ပြောနေတဲ့ ရှောင်းကျန့်ကို ရိပေါ် ခပ်ငေးငေး ကြည့်မိသည်။

*လာ...အပေါ် သွားမယ်...ကိုယ်တောင် ခုနကမှ အပြင်က ပြန်ရောက်တာ...

မိမိ လက်ကို ဆွဲပြီး အပေါ်ထပ်ကို ဦးဆောင်တက်သွားတဲ့ ရှောင်းကျန့် နောက်ကို ရိပေါ် လိုက်လာခဲ့သည်။

*မောင့်ကို လွမ်းလိုက်ရတာ...သတိရတာ အရမ်းပဲ...နောက်ဆို မောင် ဘယ်သွားသွား ကိုယ်ပါ လိုက်ခဲ့မယ်နော်...

ချိန်နုယဥ်ကို ရင်ခွင်ထဲထည့်ပြီး...ကျွန်တော့်ကို သတိရသေးတယ်ပေါ့...

ခရီးဆောင် အိတ်ကို အခန်းထောင့်မှာ ချပြီး ရှောင်းကျန့်က ဝမ်ရိပေါ် လည်တိုင်ဆီ လှမ်းဖက်လိုက်သည်။

*မောင်ရော...ကိုယ့်ကို မလွမ်းဘူးလား ဟင်...
​ေဩာ်...မောင့်ကို ပြောစရာ ရှိသေးတယ်...စိတ်တော့ မဆိုးပါနဲ့နော်...မနေ့ညကလေ
ချိန်နုယဥ်ရဲ့ နှုတ်ဆက်ပွဲကို သွားဖြစ်တယ်...ပထမတော့ မောင် မရှိတာနဲ့ မသွားတော့ဘူးလို့ပဲ...နောက်တော့ တခြားသူတွေလည်း ပါတယ်ဆိုတာနဲ့...သွားလိုက်တာ...ပြီးတော့ ချန်...

*ကျွန်တော် ကုမ္ပဏီ သွားရဦးမယ်...နောက်မှ ပြောပါ...

တခြားသူတွေပါလို့...hotel ကို ခင်ဗျားနဲ့ နှစ်ယောက်ထဲ ရောက်တာပေါ့...ဟုတ်လား...

*မောင်...
မင်း ပင်ပန်းလာတာလေ...အလုပ်သွားဦး မလို့လား...နားပါဦးလား...ဟင်...

ရှောင်းကျန့်က ဝမ်ရိပေါ်ရဲ့ နှုတ်ခမ်းပါးကို လက်ချောင်းလေးများနဲ့ တို့ထိရင်း ခပ်တိုးတိုး ေမးလိုက်သည်။

*ကျွန်တော်က ကိုကို့လောက် အားမနေဘူး...

*မောင်...မင်း စိတ်ဆိုးနေတာလား...ချိန်နုယဥ်နဲ့ သွားတွေ့မိလို့လား...နောက်ဆို တွေ့စရာ အ​ကြောင်း မရှိတော့လို့...ကိုယ်...

*ကျွန်တော် စိတ်မဝင်စားဘူး...

*မောင်...

ရိပေါ် ပြောပြီး လှည့်ထွက်ခဲ့သည်။ ရှောင်းကျန့် ခေါ်နေပေမယ့် သူ လှည့်မကြည့် ခဲ့ဘူး။

You are .....(U&Z) - CompletedWhere stories live. Discover now