(Unicode)
*ဟင်း...
မဖွင့်ချင်တဲ့ မျက်လုံးတို့ကို ရှောင်းကျန့် ကြိုးစားဖွင့်လိုက်သည်။ ညက သူ သောက်တာ တော်တော် များသွားသည် မဟုတ်လား။
လူနဲ့ အသိစိတ် ပြန်ကပ်ချိန်မှာ ရှောင်းကျန့် သတိထားလိုက်မိတာက အသားချင်း ထိတွေ့မှု။ တစုံတယောက်ရဲ့ ရင်ခွင်မှာ သူ အသေအချာပင် ခိုဝင် အိပ်စက်နေခဲ့တာ မဟုတ်လား။ လည်ပင်း အောက်မှ လက်နဲ့ ခါးပေါ်မှ လက်က သူ့ကို သေသေချာချာပင် ဖက်တွယ်ထားကြောင်း သိသာစေသည်။
ရှောင်းကျန့် နောက်လှည့်ကာ ကြည့်လိုက်သည်။
*နိုးပြီလား ကိုကို...
*ရိပေါ်...
လူကို တပါတ် လှည့်ရင်း ဝမ်ရိပေါ်ကို ရှောင်းကျန့် အထူးအဆန်းလို ကြည့်လိုက်သည်။
*ဘယ်လို လုပ်ပြီး...
*ကိုယ့်ယောကျာ်း ရှိတဲ့နေရာ လိုက်လာတာလေ...ဘာလို့လဲ...
ပြောရင်း ရိပေါ်က တင်းကြပ်အောင် ဆွဲဖက်လိုက်သည်။ ရှောင်းကျန့် မျက်နှာ တခုလုံး ရဲတက်သွားတော့သည်။
*ရိပေါ်...အဝတ်တွေရော...
*အား...ညကလေ...ကိုကိုပေါ့ ဘီယာတွေ သောက်ပြီး အန်နေလို့ ရေချိုးပေးထားတာ...ကျွန်တော်လည်း အတူတူ ေရချိုးရင်း ပြန်ဝတ်စရာ အဝတ် ပါမလာလို့...ဒီအတိုင်းပဲ အိပ်လိုက်တာ...
*ဟင်...
ဝမ်ရိပေါ် စကားကြားမှ ရှောင်းကျန့် တယောက် တွန်းထိုးကာ ရိပေါ် ရင်ခွင်မှ ရုန်းထွက်ဖို့ ကြိုးစားလေ တော့သည်။
*ဘာလို့လဲ...ငြိမ်ငြိမ်နေနော်...ခဏနေမှ ဦးလေးဟော အကျင်္ ီတွေ လာပို့ပေးလိမ့်မယ်...
*ဒါပေမဲ့ မင်း...အဆင်ပြေလို့လား...
*အဆင်မပြေတော့ ကိုကိုက ဘာလုပ်ပေး မလို့လဲ...ပြော...
*ဟင့်အင်း...ဘာ...ဘာမှ လုပ်မပေးပါဘူး...လွတ်ဦး...
ရှောင်းကျန့်ရဲ့ မျက်နှာ ရဲရဲကို ကြည့်ရင်း ရိပေါ် စနောက်ချင်လာသည်။
*ဒီလိုမှန်း သိရင်...ညက...လုပ်လိုက်ပါတယ်ကွာ...
*မင်း...
YOU ARE READING
You are .....(U&Z) - Completed