(Unicode)
*ဒါ မာမီ ပြောတဲ့...မာမီ့ လူရဲ့ အရမ်းတော်တဲ့ အရည်အချင်းလား...
သမီး ဖြစ်သူရဲ့ ခနဲ့တဲ့တဲ့ အပြောကြောင့် တီဗွီရှေ့မှာ ထိုင်ကြည့်နေတဲ့ စုန့်လန်တယောက် စိတ်ထဲကနေ ကျိန်ဆဲမိတော့သည်။
*အဟင်း...အတော်ကို အထင်ကြီး လောက်ပါတယ်...ဟိုက တီဗွီကတောင် တရားဝင် ကြေငြာ ပေးသွားပြီ...အခု ဘာဆက်လုပ်မှာလဲ...
စုန့်လန် သက်ပြင်းချလိုက်သည်။ လွဲချော်စရာ မရှိအောင် ကွက်တိကျနေတဲ့ အခြေအနေမှ လွတ်ထွက်သွားတဲ့ ဝမ်ရိပေါ်ရဲ့ ကံကိုလည်း အံံ့ဩမိသည်။
*စိတ်မပျက်ပါနဲ့ သမီးရယ်...အခြေအနေကို စောင့်ကြည့်ပါဦး...အခုလည်း သူက မရတော့ဘူးလို့မှ မပြောသေးတာ...မနေ့ကတောင် မာမီ လှမ်းမေးထားသေးတယ်...
*ဒါနဲ့ မာမီ့လူက...ဟိုကောင်ကို Weizhuang အထိ အိပ်ဆေးခပ်ပြီး ခေါ်သွားတာဆို...ဘယ်လိုလုပ်ပြီး ညတွင်းချင်း Beijing ပြန်ရောက်လာတာလဲ...
*ရေဗူးထဲ ထည့်ပြီး တိုက်လိုက်တာ ဆိုတော့...အရမ်း သိသာမှာစိုးလို့ လျော့ထားရတာလေ...ဒါပေမဲ့ ဟိုရောက်တဲ့အထိ လုံလောက်ပါတယ်...အဲ့ကောင်စုတ်ကိုက ဒီလောက် မှောင်မှောင်မဲမဲနဲ့ ဟိုရောက် နေတာတောင်...ရအောင် ပြန်သွားတာ...ဟင်း...
*မာမီ...အဲ့ကောင်က အရင်က မာမီ သိခဲ့တဲ့...ငြိမ်ကုတ်ကုတ် ထုံပေပေကောင် မဟုတ်တော့ဘူး...ဘယ်လို တုံ့ပြန်ရမလဲ ဆိုတာကို ကောင်းကောင်း သိတဲ့ကောင် ဖြစ်နေပြီ...
*အင်း...အဲ့ဒါတော့ ဟုတ်တယ်...
*တော်ပြီ တော်ပြီ...မာမီ လူချည်း အားကိုးလို့ မရတော့ဘူး...သမီးလည်း လှုပ်ရှားမှ ဖြစ်တော့မယ်...
မိမိအား မယုံကြည်သလို ကြည့်ကာ ထွက်သွားတဲ့ သမီးဖြစ်သူကို ကြည့်ပြီး စုန့်လန်လည်း ဘာပြောရမည် မသိတော့ချေ။
❣ ❣❣ ❣❣❣
-ဟေး...ရိပေါ်...ဘယ်တွေ ပျောက်နေတာလဲ...နင့်ဖုန်းကို ငါ ဆက်နေတာ ကြာလှပြီ...ဒီစာ ရရင် ငါ့ဆီကို ဖုန်းပြန် ဆက်ဦး...
ဖုန်းဖွင့်လျင် ဖွင့်ခြင်း ဝင်လာတဲ့ message ကြောင့် ရိပေါ် တယောက် ချက်ချင်းပင် အိုက်ဒါ့ဆီ ဖုန်းခေါ်လိုက်သည်။
YOU ARE READING
You are .....(U&Z) - Completed