(Unicode)
ဒီရက်ပိုင်းတွေမှာ ရိပေါ် စိတ်မကြည်ဘူး။ သူ့ နားထဲမှာ ကြားနေမိတာက စုန့်လန်ရဲ့ငါ့သားမက် ဆိုတဲ့ စကားသံ။ နေရာအနှံ့ ပဲ့တင်ထပ် နေသည်။
*တောက်...
စိတ်ထွက်ပေါက်တို့ မရှိတဲ့အခါ တောက်ခေါက်ခြင်းနဲ့သာ ဒေါသတို့ကို မြိုချလိုက်ရသည်။
မိမိ သူဌေး စိတ်မကြည်တော့ မုန့်လျန် ခမျာလည်း နေစရာ နေရာမရှိ။ အရာရာ သတိထားနေရသည်။ တချက်မှားတာနဲ့ ပြိုကျလာမယ့် ဒေါသတို့က မိမိဆီသို့ မဟုတ်လား။ မနက်က စီမံဌာနမှ ရ ထားတဲ့ သတင်းလေးတောင် သူဌေးကို သွားမပြောရဲဘူး ဖြစ်နေသည်။
မစ္စစ်ဝမ် အမေက သူဌေးကြောင့် လက်အဆစ် လွဲသွားတာကြောင့် မစ္စတာရှောင်းက ဆေးရုံအထိ လိုက်သွားပြီး ဂရုစိုက်ပေးခဲ့တဲ့ အကြောင်း...
ဆရာဝန်တွေနဲ့ သေချာ ဆွေးနွေးကာ အိမ်အထိ လိုက်ပို့ ပေးခဲ့ကြောင်း...အမေလး...အဲ့ဒါေတွများ ပြောမိရင် မိုး မီးလောင်တာကမှ အပူ သက်သာဦးမည်။ ဝမ်သူဌေး ဒေါသက ပြာတန်းကျရမည့် အနေအထား မဟုတ်လား။
*အထဲမှာ ဝမ်သူဌေး ရှိလား...
*အမလေး...
ရုတ်တရက် မိမိ ရှေ့မှာ လာရပ်ကာ မေးနေတဲ့ မစ္စတာရှောင်းကို မြင်ပြီး မုန့်လျန် လန့်အော်မိသည်။
ဟင့်...တကယ် မိုးမီးလောင်တော့မယ်...တောင်ပင်လယ်က နဂါးမင်းကြီး ကယ်တော်မူပါ...
*မုန့်လျန်...
ကြောင်တောင်တောင်နဲ့ ကြည့်နေတဲ့ မုန့်လျန်ကို ရှောင်းကျန့် ခတ်ဆတ်ဆတ် ခေါ်လိုက်သည်။
*ဟင်...ဟို...
ဟုတ်...ဟုတ်ကဲ့ ရှိပါတယ် မစ္စတာရှောင်း...ဟို...ဟိုလေ...လှည့်ထွက်တော့မယ့် ရှောင်းကျန့်က မုန့်လျန်ကို ပြန်လှည့်ကြည့်လိုက်သည်။
*ဘာဖြစ်လို့လဲ...
*ဟိုလေ...သူဌေးက အခုတလော စိတ်အခြေအနေ သိပ်မကောင်းဘူး...အဲ့ဒါ...ပြဿနာဖြစ်မှာ...စိုး...
*အင်း...ကျွန်တော် သိပြီ...ကျေးဇူးပါ မုန့်လျန်...
ခြေလှမ်းကျဲများနဲ့ ရှောင်းကျန့်က ဝမ်ရိပေါ် ရုံးခန်းထဲ ဝင်သွားခဲ့သည်။ တိတ်ဆိတ်နေတဲ့ ရုံးခန်းထဲ ဝမ်ရိပေါ် ရှိမနေခဲ့။ ထို့ကြောင့် private room ဆီ ရှောင်းကျန့် ဝင်ခဲ့သည်။
YOU ARE READING
You are .....(U&Z) - Completed