အပိုင်း ၃၇ (U&Z)

3K 199 1
                                    

(Unicode)

ကေလးတယောက်ကို ထိန်းသလို မိမိကို လိုက်ကြည့်နေတဲ့ ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့် နည်းနည်းတော့ နေရခက်သည်။ မနက် မိုးလင်းမှ မိုးချုပ် အနားကလည်း မခွါ။

*ရိပေါ်...ကိုယ့်ဖုန်းရော...

*စံအိမ်မှာ ကျန်ခဲ့တယ်လေ...ဘာလုပ် မလို့လဲ...ဒီတပတ္လုံး ဘာမှ မလုပ်နဲ့ ကျွန်တော့်ကိုပဲ ကြည့်နေပါဆို...ဟုတ်ပြီလား...

ရှောင်းကျန့် သက်ပြင်းချကာ ဝမ်ရိပေါ် ထိုင်နေတဲ့ ဆက္တီမွာ ဝင်ထိုင်လိုက်သည်။ 

*ရိပေါ်...ကိုယ့်ကို မညာနဲ့...တခုခု ဖြစ်နေတယ် မဟုတ်လား...ကိုယ့္ကို ပြောပြပါနော်...

အနားကပ္ကာ ဝမ်ရိပေါ် ပုခုံးကို ခေါင်းနဲ့ ဝှေ့ရင်း ရှောင်းကျန့် မေးလိုက်သည်။

*အခု ဒါက...ကျွန်တော့်ကို ချွဲနေတာပေါ့...ဟုတ်လား ကိုကို...

ရိပေါ်က မေးရင်း ရှောင်းကျန့်ကို ရင်ခွင်ထဲမှာ ဆွဲဖက် ထားလိုက်သည်။ 

*မေးတာ ဖြေလေ...ဘာလို့ စကားလမ်းကြောင်း လွှဲနေတာလဲ ရိပေါ်...

*ဘာမှ မဖြစ်ပါဘူး...ကိုကို စိတ်ပင်ပန်းစရာ မရှိအောင် နားဖို့ လိုနေလို့...နားခိုင်းထားတာ...ဘာမှမဖြစ်ဘူး...မေးမနေနဲ့...ဟုတ်လား...

*ရိေပၚ...

ဝမ်ရိပေါ် ရင်ခွင်ထဲ လှဲအိပ်ရင်း ရှောင်းကျန့် မော့ကြည့်လိုက်သည်။ 

*ကျွန်တော်က မမေးနဲ့ဆို ဆက် မမေးနဲ့လေ...ဘာလို့ ခင်ဗျား​လေးက အမေးအမြန်း ထူနေရတာလဲ...ဟင် ရှောင်းကျန့်...

ရင်ခွင်ထဲက ရှောင်းကျန့်ဆီ ရိပေါ် အုပ်မိုးကြည့်လိုက်သည်။

*အင်း...ဒါဆိုလည်း မမေးတော့ဘူး...တခုတော့ ရှိတယ်... ကိုယ့်ကိုတော့ မလိမ်ပါနဲ့နော်...

*စိတ်ချ...ကိုကို့ကို ကျွန်တော်နဲ့ ပတ်သတ်သမျှ ဘယ်အရာမှ လိမ်မပြောဘူး...ဟုတ်ပြီလား...

ရှောင်းကျန့် ကျေနပ်စွာ ပြုံးလိုက်ရင်း ဝမ်ရိပေါ် ရင်ခွင်ထဲ လှဲအိပ်နေခဲ့သည်။

❣ ❣❣ ❣❣❣

*အင်း...ဟုန်ကျင်း သိရပြီလား...

You are .....(U&Z) - CompletedWhere stories live. Discover now