အပိုင်း ၂၆ (U&Z)

3.1K 223 3
                                    

(Unicode)

နှစ်ခြိုက်စွာ အိပ်ပျော်နေတဲ့ ရှောင်းကျန့်ကို ကြည့်ပြီး ရိပေါ် သက်ပြင်း ချမိသည်။ တညလုံး သူ့လက်ကို ဆုပ်ကိုင်ထားခဲ့သည် မဟုတ်လား။

*သခင်လေး...

ဦးလေးဟောကို ရိပေါ်က နှုတ်ခမ်းပေါ် လက်ညိုးလေးတင်ပြီး တိတ်တိတ်နေဖို့ အချက်ပြလိုက်သည်။ ဆုပ်ကိုင်ထားဆဲ ရှောင်းကျန့် လက်ထဲမှ မိမိ လက်ကို အသာအယာ ဆွဲယူလိုက်သည်။

*လာ...ဘာပြောစရာ ရှိလို့လဲ ဦးလေးဟော...

ဟောရှမ်းကို အခန်းပြင် ဆွဲခေါ်လာရင်း ရိပေါ် မေးလိုက်သည်။

*သခင်လေး ကုမ္ပဏီ သွားဦးမှာလား...ဦးလေးဟောတို့ အကိုလေး ပစ္စည်းတွေ သွားသိမ်​းရဦးမယ်လေ...

*ကျွန်တော် ဒီနေ့ ကုမ္ပဏီ မသွားတော့ဘူး...ကိုကို့ ပစ္စည်းတွေကိုတော့ ဦးလေးဟောပဲ အဆင်ပြေသလို သိမ်းခဲ့ပေးပါ...

ဦးလေးဟောက ရိပေါ်ကို ပြုံးကြည့်သည်။ ရိပေါ် မျက်နှာ အနည်းငယ် ရဲသွားသည်။ သူ ဦးလေးဟော ရှေ့မှာ ရှောင်းကျန့်ကို ကိုကိုလို့ ပြောမိသွားသည် မဟုတ်လား။

ကိစ္စ မရှိပါဘူးလေ နောက်လည်း ဒီလိုပဲ ပြောဖြစ်နေမှာ...

*ဒါဆို ဦးလေးဟော...သွားသိမ်းလိုက်မယ်နော်...

*ဟုတ်ကဲ့...

ဟောရှမ်း ထွက်သွားမှ ရိပေါ် အခန်းထဲ ပြန်ဝင်ခဲ့သည်။

❣ ❣❣ ❣❣❣

စားပွဲပေါ်က မြည်လာတဲ့ ဖုန်းသံကြောင့် ရှောင်းကျန့် နိုးမှာစိုးတဲ့ ရိပေါ် က အလျင်အမြန်ယူကာ နားထောင်လိုက်သည်။

*ရှောင်းကောကော...နေကောင်းသွားပြီလား...အခုပဲ ဟုန်ကျင်းဆီက သိရလို့ ဖုန်းဆက်လိုက်တာ...ကော​ေကာ နေမကောင်းတာ နုယဥ်ကို ဘာလို့မပြောရတာလဲ...စိတ်ပူမှာ စိုးလို့လား...

ချိန်နုယဥ်...

ရိ​ေပါ် မျက်နှာက ချက်ချင်း အေးစက်သွားရသည်။ ရည်ရွယ် မထားပေမယ့် လက်က အလိုလို ဖုန်းချပစ်မိသည်။

*ရိပေါ်...ဘယ်က ဖုန်းလဲ...

နောက်ကျောဆီမှ တိုးလျလျ အသံကြောင့် ရိပေါ် လှည့်ကြည့်လိုက်သည်။

You are .....(U&Z) - CompletedWhere stories live. Discover now