(Unicode)
*ရှောင်းကျန့်...လာခဲ့...ခင်ဗျားနဲ့ ရှင်းစရာ ရှိတယ်...
*ရိ...ပေါ်...
ဒေါသသံစွက်နေတဲ့ ဝမ်ရိပေါ်ကို ရှောင်းကျန့် ကြောင်ငေးကာ ကြည့်နေမိသည်။ ရိပေါ်က အခန်းထဲကို လျင်မြန်စွာ ဝင်လာပြီး ရှောင်းကျန့် လက်ကို ဆွဲကာ အိပ်ခန်းဆီ ထွက်ခဲ့သည်။
ဝုန်း...
တံခါး ဆောင့်ပိတ်သံနဲ့အတူ ရှောင်းကျန့် တယောက် ကုတင်ပေါ်ကို လွင့်ကနဲ့ ရောက်သွားရသည်။ အရှိန်နဲ့ ပစ်ကျတာမို့ မူးနောက်သွားပေမယ့် ရှောင်ကျန့် လှဲမနေအား။ ဝမ်ရိပေါ် ဘာဖြစ်လာသလဲ ဆိုတာကို သိရဖို့အတွက်သာ စိတ်စောနေမိသည်။
*ရိပေါ်...မင်း ဘာဖြစ်လာတာလဲ...
*ရော့...အဲ့မှာ...အိမ်ထဲမှာ ဖုန်းပြောခွင့်မရလို့ အပြင်မှာ ချိန်းတွေ့နေကြတဲ့ ခင်ဗျားတို့ နှစ်ယောက်ပုံ...
ကုတင်ပေါ် ပစ်တင်လိုက်တဲ့ ဝမ်ရိပေါ်ရဲ့ ဖုန်းကို ရှောင်းကျန့် လျင်မြန်စွာ ကောက်ယူ ကြည့်လိုက်သည်။
ဟင်...
သူနဲ့ ချိန်နုယဥ်...
ချိန်နုယဥ်က သူ့လက်မောင်းကို တွဲခိုလျက် ပြုံးရွှင်နေသည်။ ရှောင်းကျန့် အလန့်တကြား ဝမ်ရိပေါ်ကို မော့ကြည့်လိုက်သည်။*ဖြေလေ...အဲ့ဒါ ဘာလဲ...ခင်ဗျားကိုယ် ခင်ဗျား လုံလှပြီ ထင်နေတာလား ရှောင်းကျန့်...ဟင်...ပြော...ခင်ဗျား ဘယ်လို ရှင်းြပမလဲ...နားထောင်ရအောင်...
မျက်လုံး အဝိုင်းသားနဲ့ ပြန်ကြည့်နေတဲ့ ရှောင်းကျန့်ကို ကြည့်ပြီး ရိပေါ် ဒေါသတို့ ပိုထွက်လာရသည်။
❣ ❣❣ ❣❣❣
ရိပေါ် ဒီနေ့ ရှောင်းကျန့်အတွက် ကိတ်မုန့်ဝယ်ဖို့ ကုမ္ပဏီမှ ထွက်ခဲ့သည်။ နေ့လည်စာ တူတူစားရန်လည်း ရည်ရွယ်ပြီး ထွက်လာခြင်း ဖြစ်သည်။
*ဟိုင်း...ရိပေါ်...
မတွေ့တာကြာပေမယ့် ပြင်သစ် ကောင်လေး လူးဝစ်စ်က ရိပေါ်ကို ရွှင်မြူးစွာ နှုတ်ဆက်သည်။
*ဟိုင်း...
*ကျွန်တော် ဒီဆိုင်မှာ ခင်ဗျားကို လာစောင့်နေတာ...ကြာပြီ...
YOU ARE READING
You are .....(U&Z) - Completed