အပိုင်း ၄၆ (U&Z)

3.7K 203 7
                                    

(Unicode)

ရှီးဝမ်ရဲ့အစည်းအဝေးခန်းထဲမှာ ဝမ်ရိပေါ်နဲ့ အတူ Director လူကြီးများ ရှိနေကြသည်။ သူတို့နဲ့အတူ မျက်နှာချင်းဆိုင်မှာ စုန့်လန်က စိတ်ရှုပ်ထေွး​ေနတဲ့ မျက်နှာနဲ့ ထိုင်နေသည်။ သူမ နံဘေးမှာတော့ သမီးဖြစ်သူ ချိန်နုယဥ်က တရှုံ့ရှုံ့နဲ့ ငိုလျက်နေသည်။

*အဲ့ဒါ မာမီ့ကြောင့်...မာမီပြောတော့ အကုန် အဆင်ပြေပြီဆို...အခုတော့ မာမီ့ရဲ့ သိပ်တော်တဲ့ သူကြီးရဲ့ ကောင်းမှုကြောင့်...

တအိအိနဲ့ ငိုနေရင်း ခပ်တိုးတိုး လေသံဖြင့် မိမိကို အပြစ်တင်နေတဲ့ သမီး ဖြစ်သူကို စုန့်လန် စိတ်ထဲက ကျိန်ဆဲလိုက်သည်။ အခုအချိန်မှာ မတရား စွပ်စွဲခံရသူလို ကိုယ်က ဖြစ်နေရမှာလေ။ အခုတော့ သမီးဖြစ်သူကြောင့် ရိုက်မစစ်ရဘဲ အကုန် ပေါ်တော့မည်။

*အဲ့တော့...မစ္စစ်စုန့် အနေနဲ့ ဘာများ ပြောချင်သေးသလဲ...ကြားရတာတွေကလည်း သိပ်တော့ မကောင်းလှဘူးလေ...အခြေအနေကို နားလည်လိမ့်မယ်လို့ ထင်ပါတယ်...

စားပွဲမှာ ထိုင်နေကြတဲ့ ကုမ္ပဏီ Director တွေက မေးလာသည်။ စုန့်လန် ဘာလုပ်ရမည်မသိ။ မရည်ရွယ်ထားတဲ့ ဖြစ်ရပ်မို့ ရုတ်တရက် ​ပြန် ပြောဖို့က ခက်ခဲနေသည်။

လျှိုဟန့်စန် စာပို့တုန်းက မကြာခင် အကုန် အဆင်ပြေတော့မယ်။ မနက်ဖြန် ဝမ်စံအိမ်မှာ ညှိနှိုင်းစရာ ရှိတယ်။ အဲ့ဒါပြီးရင် အားလုံး ပြီးပြီဆို။ အခုတော့ အားလုံးပြီးပြီဆိုတာ စီစဉ် ခဲ့သမျှ ပျက်စီးတာကို ပြောချင်တာ များလား။

*ဝမ်ရိပေါ်...က...ဘာလို့ ကျွန်မနဲ့ ကျွန်မ သမီး အပေါ်ကို အခုလို လုပ်ရက်ရတာလဲ...တကယ်ဆို ကျွန်မက သူ့အဖေရဲ့ တရားဝင် ဇနီးမယား တယောက်ပဲ...အခုလို လုပ်တာတော့ မတရားဘူး...ဒါက သက်သက်မဲ့ လုပ်ကြံထားတဲ့...လုပ်ဇာတ်ပဲ...ကျွန်မဆီက ဘာများ ထပ်လိုချင်​ေနလို့လဲ...အခုကျန်နေသေးတဲ့ supermarket ကိုရော မျက်စိ ကျနေပြန်တာလား...

*ကျွန်တော်က လုပ်ရက်တာ မဟုတ်ပါဘူး မစ္စစ်စုန့်...ကျွန်တော်က တမင် သက်သက်တောင် ရှောင်ပေးထားတာပါ...အခုက ခင်ဗျား လုပ်ရပ်အတွက် ကြောင့်သာ ဒီလို လုပ်ရတာပါ...ပြီးတော့ ကျွန်တော်သာ လိုချင်ရင် ခင်ဗျားရဲ့ supermarket ဆိုတာ ပါမွှားပါ...မက်လောက်စရာ မရှိလို့ စကားထဲတောင် ထည့်မပြောပါနဲ့...

You are .....(U&Z) - CompletedWhere stories live. Discover now