အပိုင်း ၂၉ (U&Z)

2.9K 200 1
                                    

(Unicode)

*သူဌေး...ကျောက်မင်ရိ ဆိုတဲ့ ကောင်လေးတယောက် တွေ့ခွင့် တောင်းနေပါတယ်...

မုန့်လျန် စကားကြောင့် ရိပေါ် ကြောင်သွားသည်။

*ဘယ်သူ...

*ကျောက်မင်ရိ...ဟိုတနေ့က သူဌေး ကူညီခဲ့တဲ့ သူတဲ့...

*အာ...သိပြီ...ဝင်ခိုင်းလိုက်ပါ...

ခဏအကြာမှာ ဖြူဖြူပိန်ပိန် ကောင်လေး တယောက် ရိပေါ် ရုံးခန်းထဲကို ခပ်ရို့ရို့ ပုံစံနဲ့ ဝင်လာသည်။

*လာလေ...ထိုင်...နေကောင်းသွားပြီလား...

*ဟုတ်ကဲ့...

ကောင်လေးက ဆက်တီမှာ ကုတ်ကုတ်လေး ဝင်ထိုင်သည်။

*ပြော...ဘာကိစ္စရှိလို့လဲ...

*ဟို...ကျွန်တော့်ကို ကူညီပေးလို့ ကျေးဇူးတင်ပါတယ်...ဆေးဖိုးတွေကိုလည်း ကျွန်တော် အလုပ်ရတာနဲ့ ပြန်ပေးပါမယ်...

*ဟင်...မင်းက အခုထိ အလုပ်မရှိသေးဘူးလား...

ရိပေါ် အံ့ဩစွာ မေးမိသည်။ သူ့ထက် ၃ နှစ်လောက်သာ ငယ်မည့် ကောင်လေးက အလုပ်မရှိသေးဘူးတဲ့။

*ဟုတ်ကဲ့...ကျွန်တော်က ကောလိပ်ကို တဝက်တပျက်နဲ့ ကျောင်းထွက်ခဲ့ရ​ေတာ့ ရုံးတေွမှာ အလုပ်ဝင်ဖို့ မဖြစ်နိုင်ဘူးလေ...အဖေက လေဖြတ်နေတော့ မိထွေးကလည်း ကျောင်းဆက်တက်ဖို့ မကြည်ဖြူဘူး...ဒါကြောင့် ဆက်မတက် ဖြစ်တော့ပဲ ကြုံရာ ဝင်လုပ်နေတာပါ...

*ဟိုတနေ့ကရော...ဘယ်လို ဖြစ်တာလဲ...

ရိပေါ် သိချင်စိတ်နဲ့ မေးမိသည်။

*ကျွန်တော် ဖျားနေတာ ၂ ရက်ရှိပြီ...ဒါပေမယ့် နားလို့ မဖြစ်လို့...ပစ္စည်း လိုက်ပို့ရင်း ဖြစ်သွားတာပါ...

ကောင်လေး စကားကြောင့် ရိပေါ် လည်း စိတ်မကောင်း ဖြစ်သွားသည်။

*​ေဩာ်...ဆေးဖိုးတွေက ရပါတယ်...စိတ်ထဲမထားပါနဲ့...လောလောဆယ် မင်းအလုပ်မရှိသေးရင် ဒီကုမ္ပဏီမှာ ညစောင့် လုပ်မလား...ကိုယ်စီစဥ်ပေးမယ်...ပြီးတော့ ကိုယ့်အမျိုးသားနဲ့ တိုင်ပင်ပြီး မင်း ကျောင်းပြန်တက်နိုင်အောင် ကူညီပေးမယ်...

You are .....(U&Z) - CompletedWhere stories live. Discover now