(Unicode)
ကားပေါ်မှာ ငြိမ်ငြိမ်လေး ထိုင်ပြီး လိုက်လာတဲ့ ရှောင်းကျန့်ကို ရိပေါ်က စိတ်မချသလို မကြာခဏ ကြည့်မိသည်။ ရှောင်းကျန့်က တစုံတရာကို အလေးအနက် စဥ်းစားေနဟန် ရှိတာကြောင့်လည်း စံအိမ်ကို တန်းမပြန်ပဲ ပန်းခြံတခုဆီ ရိပေါ် မောင်းလာခဲ့သည်။
*ကိုကို...ဆင်းလေ...
*ေဩာ်...ရောက်ပြီလား...
ဝမ်ရိပေါ် ပြောလိုက်မှ အသိဝင်လာသူလို ရှောင်းကျန့်က ဘေးဘယ်ညာကို ကြည့်လိုက်သည်။
*ဟင်...ကိစ္စရှိသေးလို့လား ရိပေါ်...
*ကိုကို့ ကြည့်ရတာ စိတ်နဲ့လူ မကပ်သလိုမို့ ခဏ နားရအောင်ပါ...
ရိပေါ် ပြောတော့ ရှောင်းကျန့်က ယဲ့ယဲ့ပြုံးကာ ကားပေါ်မှ ဆင်းသွားသည်။ ရိပေါ်က နောက်ချန်ကာ မလှမ်းမကမ်းမှ လိုက်ခဲ့သည်။ တော်တော်ဝေးဝေး လျှောက်ပြီးနောက် ရှောင်းကျန့်က ခုံတန်းတခုမှာ ဝင်ထိုင်လိုက်သည်။
အတန်ကြာ စောင့်ကြည့်နေပြီးမှ ရိပေါ်က နံဘေးမှာ ဝင်ထိုင်ကာ ရှောင်းကျန့်ကို ပွေ့ဖက်လိုက်သည်။
*ဘာတွေများ ဒီလောက် စဥ်းစားနေတာလဲ ကိုကို...
*ရိပေါ်...ကိုယ်တို့ အခန်းခွဲ နေရအောင်...လက်ထပ်ပြီးမှပဲ ပေါင်းနေကြမယ်လေ...
ရှောင်းကျန့် စကားကြောင့် ရိပေါ် ခမျာ အံ့အားသင့် သွားရသည်။
*ဘာလို့လဲ ကိုကို...
*မင်း...ကိုယ့်ကို ချစ်တာ ကုတင်ပေါ်က ကိစ္စတွေကြောင့်လို့ မထင်စေချင်ဘူး...
*အာ...မဟုတ်တာ...ကျွန်တော်အတွက်တော့ ကိုကို့ကို ချစ်လို့...ဒီလို ကိစ္စတွေ ရှိလာတာလေ...ဘာလို့ အဲ့လို တွေးရတာလဲ...ဘယ်သူက ဘာပြောလိုက်လို့လဲ...
ရှောင်းကျန့်က ကမ်းစပ်မှ ကျောက်မင်ရိနဲ့ အဖြစ်အပျက်ကို ပြန်ပြောပြလိုက်သည်။
*အား...ဆိုးလိုက်တာ...ဘာလဲကွာ...ဒါကြောင့် ကိုကိုက စိတ်မကောင်း ဖြစ်သွားတာလား...သူ့ကို စိတ်ထဲ မထားပါနဲ့ ကိုကိုရယ်...ကျွန်တော် ချစ်ခဲ့တာလည်း အဲ့ဒါနဲ့ ဘာမှ မဆိုင်ပါဘူး...
YOU ARE READING
You are .....(U&Z) - Completed