(Unicode)
နီးကပ်လာပြီ ဖြစ်တဲ့ စေ့စပ်ပွဲအတွက် ရိပေါ်ရော ရှောင်းကျန့်ပါ ပြင်ဆင်စရာတွေ များလာသည်။ ဖိတ်စာ အပ်ဖို့ ဝေဖို့အတွက် ဧည့်သည်စာရင်းများကို ပြင်ဆင်ကြရသည်။
ဒါတောင် ခန်းမ ပြင်ဆင်ဖို့နဲ့ ကျွေးမွေးဧည့်ခံဖို့ကို မုန့်လျန်က တာဝန်ယူပေးလို့ တော်ပေသေးသည်။
ဒီနေ့တော့ အဝတ်အစားတွေ ရွေးဖို့ အတွက် ရိပေါ် ထွက်လာခဲ့သည်။ fitting ချပြီးပြီမို့လည်း ရှောင်းကျန့်ကို မခေါ်တော့ပဲ သူတယောက်ထဲ ထွက်ခဲ့သည်။ အပြန်ကျရင် ဖိနပ် ဝင်ရွေးရဦးမည်။
စိတ်ထဲမှာ အစီအစဉ်ချရင်း ရိပေါ် ဆိုင်ထဲ ဝင်ခဲ့သည်။ order ကတ်ပြားလေးကို ကောင်တာက ကောင်မလေးဆီ ပေးလိုက်သည်။
*ခဏ စောင့်ပါနော်...
ရိပေါ် ခေါင်းငြိမ့် ပြလိုက်သည်။
*နွမ်း နွမ်း...ဂျယ်နာလီဗွီပါ...ဂျယ်နာစီဗွီစိ (non. non. je n'en veux pas. je veux celui-ci.)
နောက်ဘက်က ဆူဆူညံညံ အသံကြောင့် ရိပေါ် လှည့်ကြည့်လိုက်သည်။ ပြင်သစ်လို ပြောနေတဲ့ ေရွှရောင်ဆံပင်နဲ့ အသက် ၂၀ ကျော်လောက် ကောင်လေးရယ် နားမလည်လို့ အူလည်လည် ဖြစ်နေတဲ့ အရောင်း စာရေးမလေးရယ်။
မနေနိုင်တဲ့ ရိပေါ်က ထိုနေရာဆီ လျှောက်သွားလိုက်သည်။
*သူက ဒါမလိုချင်ဘူး...ဟိုဘက်က တခုကို လိုချင်တာတဲ့...
*ေဩာ်...ဟုတ်ကဲ့...ကူညီပေးလို့ ကျေးဇူးပါ...
*မင်းလိုချင်တာ ဒါမဟုတ်လား...
ရိပေါ် ကြားမှ စကားပြန် လုပ်ပေးလိုက်သည်။
*ဟုတ်ကဲ့...ကျေးဇူးအများကြီးတင်ပါတယ်...ဒါနဲ့ ခင်ဗျားက ပြင်သစ်လို ကောင်းကောင်း တတ်တယ်လား...
*အင်း...၁၀ နှစ်လောက် အဲ့မှာ နေခဲ့တာ...
*ေဩာ်...
ကျွန်တော်က လူးဝစ်စ်အယ်လန်ပါ...လူးဝစ်စ်လို့ပဲ ခေါ်ပါ...ဒါနဲ့ ခင်ဗျားကရော...*ရိပေါ်...ဝမ်ရိပေါ်ပါ...
*ရိပေါ်...ဝမ်ရိပေါ်...တွေ့ရတာ ဝမ်းသာပါတယ်...ကူညီပေးလို့လည်း ကျေးဇူးပါ...
YOU ARE READING
You are .....(U&Z) - Completed