(Unicode)
ဝမ်စံအိမ်တော်ရှေ့ ရှောင်းကျန့် ကားရပ်မိသည်နှင့် အိမ်တော်ထိန်း ေဟာရှမ်းက အပြေးလေး ထွက်ကြိုသည်။
*ဟော...ရှောင်းသူဌေးပါလား...ညနက်နေမှ...
ဝမ်ရိပေါ် အသိပေးထားဟန် မတူတာကြောင့် ဟောရှမ်းကို အကြောင်းပြချက်ပေးဖို့ ရှောင်းကျန့် စဥ်းစားရတော့သည်။
*ေဩာ်...ဟိုတနေ့က ပြင်သစ်စာ...ပြင်သစ်စာ မေးတာလေ...ဘာသာပြန်ဖို့ နည်းနည်း လိုနေသေးလို့...အဲ့ဒါ ဝမ်သခင်လေးဆီ အကူအညီ လာတောင်းတာ...သူ စံအိမ်မှာ ရှိတယ် မဟုတ်လား...
*ဟုတ်ကဲ့...ရှိပါတယ် ရှောင်းသူဌေး...အထဲ ဝင်ပါဦး...
ဟောရှမ်းက ဖိတ်ခေါ်ရင်း ေရှ့မှ ထွက်သွားသည်။
*ညမိုးချုပ်ေနမှ ဘယ်က ဧည့်သည်လဲ ဟောရှမ်း...
*ရှောင်းသူဌေးပါ... မမကြီး...
*အို...ရှောင်းသူဌေးလား...နုယဥ်ရေ သမီး...ဒီမှာ ရှောင်းသူဌေး ရောက်နေတယ်...
စုန့်လန်က ဧည့်ခန်းဆီ အပြေးလာရင်း သမီးဖြစ်သူကိုပါ တဆက်တည်း ခေါ်လိုက်သည်။
*ရှောင်းကောကော...နောက်တောင်ကျနေပြီ...ဘာကိစ္စရှိလို့လဲ...အိမ်တော်ထိန်း ဟော... အအေးယူခဲ့ပါ...ကောကော ဘာသောက်မလဲ...
ညအိပ်ဝတ်စုံပင် လဲပြီးနေသည့် ချိန်နုယဥ်က အပေါ်ထပ်ဝတ်ရင်း ထွက်လာသည်။
*ေနပါစေ နုယဥ်...ကိုယ် ဝမ်သခင်လေးကို...အကူအညီတောင်းထားတဲ့ကိစ္စ...မပြတ်သေးလို့ လာခေါ်တာပါ...
*ေဩာ်...
မျက်နှာလေး ညိုသွားပေမယ့် ချိန်နုယဥ်က အပြုံးတပွင့်ကို ချက်ချင်း တင်လိုက်သည်။
*အမလေး...ေရှာင်းသူဌေးမို့ပဲ...သူ့ကို ယုံယုံကြည်ကြည်နဲ့ အားကိုးနေသေးတယ်...စံအိမ်မှာတော့ ဘော်ကျော့ပါနော်...ဘာမှ သုံးမရပါဘူး...လုပ်တတ်တာဆိုလို့ အန်တီတို့ကို စံအိမ်က နှင်ချဖို့ပဲ တတ်တာလေ...အတူနေတော့ရော ပဲ့ပါသွားတာကျလို့...တကယ့်ကို အကြင်နာတရား မရှိတဲ့ ဟာပါ...
စုန့်လန်ရဲ့ အပြောကို ရှောင်းကျန့် စိတ်မသက်မသာနဲ့ နားထောင်နေရသည်။
YOU ARE READING
You are .....(U&Z) - Completed