(Unicode)
မီးဖိုခန်း ရောက်တာနဲ့ စားပွဲပေါ်က အုပ်ဆောင်းမှ sticky note ကို ရှောင်းကျန့် ကြည့်လိုက်သည်။
ကုန်ပြီ...
ဘယ်လောက် ချစ်စရာကောင်းတဲ့ ကောင်လေးလဲ။ ပေကပ်ကပ်နိုင်ပေမယ့် လိုက်နာတတ်တဲ့ ပုံလေးကြောင့် ရှောင်းကျန့် သဘောကျစွာ ပြုံးလိုက်သည်။
ညစာအတွက် ပြင်ပေးထားခဲ့တဲ့ ဆန်ပြုတ်ပန်းကန်ကို ရေခဲသေတ္တာမှ ထုတ်ကာ ပြန်နွှေးလိုက်သည်။ ထို့နောက် မိမိအတွက်ပါ ခေါက်ဆဲွဲပြုတ်ပြင်လေသည်။
*မင်း စားမယ်ဆို စားလို့ရပြီ...စားပွဲမှာ ပြင်ထားခဲ့တယ်...ကိုယ်တော့ ရေချိုးလိုက်ဉီးမယ်...
ဆိုဖာပေါ်မှာ ပုပုကုတ်ကုတ်လေး ထိုင်နေတဲ့ ဝမ်ရိပေါ်ကို ရှောင်းကျန့် ပြောရင်း ရေချိုးခန်း ဝင်ခဲ့သည်။
ရှောင်းကျန့် ရေချိုးခန်းမှ ထွက်တော့ ရိပေါ်က စားပွဲမှာ ထိုင်နေပြီ။ ရှေ့က ဆန်ပြုတ်ပန်းကန်ကို ကြည့်လိုက် မိမိရှေ့က စားနေတဲ့ ခေါက်ဆွဲပန်းကန်ကို လှမ်းမျှော်လိုက် လုပ်နေတဲ့ ကောင်လေးကို ရှောင်းကျန့် ကြည့်ရင်း.....
*မင်းရော ခေါက်ဆွဲစားချင်လို့လား...
*ကျွန်တော် ဆန်ပြုတ်ချည်း မစားချင်ဘူး...ဒါပေမယ့် ခင်ဗျားက ကျွေးမှာမို့လို့လား...
ခေါက်ဆွဲပန်းကန်ကို မျှော်နေတဲ့ ကောင်လေးကို ကြည့်ပြီး ရှောင်းကျန့် သနားလာတော့သည်။
*အများကြီးတော့ မစားနဲ့ဦးလေ...နည်းနည်းတော့ စားပေါ့...ကိုယ် ပန်းကန် ခွဲထည့်ပေးမယ်...
*နည်းနည်းပဲ စားရမယ်ဆို ခင်ဗျား ပန်းကန်ထဲကပဲ ယူစားလိုက်မယ်လေ...
မျှော်လင့်ချက်လေး ပျက်မှာစိုးသလို ပြောနေတဲ့ ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့် လန့်သွားရသည်။
*ဟင်...ကိုယ်စားနေတာကြီးလေ...မင်း အဆင်ပြေပမလား...
*ခင်ဗျား မရွံ့ရင် ပြီးတာပဲ...
ရှောင်းကျန့် ပြုံးမိသည်။ထို့နောက် မိမိ စားလက်စ ပန်းကန်ကို ဝမ်ရိပေါ်ဘက် နည်းနည်း တိုးပေးလိုက်သည်။
YOU ARE READING
You are .....(U&Z) - Completed