အပိုင်း ၃၂ (U&Z)

2.8K 196 3
                                    

(Unicode)

မိမိ ရင်ခွင်ထဲ အိပ်ပျော်နေတဲ့ ရှောင်းကျန့်ကို ရိပေါ် ကြင်နာစွာ ဖက်ထားခဲ့သည်။

သူ့ကြောင့် ခြေထောက် နှစ်ဖက်လုံး မှန်ကွဲတွေ စူးခဲ့တာကိုပင် တစက်ကလေးမှ အပြစ်မပြော။ သူ့ကြောင့် နားထင်ကို ရိုက်မိတာလည်း နာသည်ဟု မညည်းခဲ့။ ပတ်တီး ဖြူနဲ့ သူ့လက်ကိုသာ နာကျင်မှာ စိုးနေခဲ့လေသည်။

*ကျွန်တော် ကိုကို့ ကို အရမ်းချစ်တယ်နော်...ကျွန်တော် ချစ်သလောက် ကိုကို မချစ်တော့မှာကို ကြောက်တယ်...ထားသွားမှာလည်း ကြောက်တယ်...ဒါကြောင့်ပဲ ကိုကို အနာတရ ဖြစ်ရတာ...ကျွန်တော့်ကို မမုန်းပါနဲ့နော်...

ရှောင်းကျန့် မျက်နှာ နုနုကို ထိကိုင်ရင်း ရိပေါ် ရေရွတ်မိသည်။

*အင်း...ကိုကို သိတယ်လေ...ဘယ်တော့မှ ထားမသွားဘူး...ကိုယ်လည်း မင်းကို အရမ်း ချစ်တယ်...

*ဟင်...ကိုကို နိုးနေတာလား...

ရုတ်တရက် ရှောင်းကျန့်ဆီက စကားသံ ထွက်လာသဖြင့် ရိပေါ် နည်းနည်းတော့ ရှက်သွားသည်။ ရှောင်းကျန့်က ဝမ်ရိပေါ် ခါးကို ဖက်လိုက်ရင်း ရင်ခွင်ထဲမှာ မျက်နှာကို ဝှက်လိုက်သည်။

*ဟင့်အင်း...မနိုးပါဘူး...နားထဲမှာ ကြားနေရလို့ ပြန်ဖြေမိတာ...ကိုယ် ဆက် အိပ်ချင်သေးတယ်...အခန်းက လင်းနေတော့ အိပ်မရဘူး...

ရှောင်းကျန့် အဖြေကြောင့် ရိပေါ် သဘောကျစွာ ရယ်မိသည်။

*ဒါဆို အလင်းမဝင်အောင် ကျွန်တော် သေချာ ကာထားပေးမယ်...ကိုကို ဆက်အိပ်နော်...

စောင်ကို ဆွဲကာ ရှောင်းကျန့် ကို ခြုံပေးပြီး ရိပေါ် ရင်ခွင်ထဲ သေချာ ထည့်ပြီး ဖွက်ပေးလိုက်သည်။ ခဏအကြာမှာ တရှူးရှူးနဲ့ အိပ်ပျော်နေတဲ့ ရှောင်းကျန့်ရဲ့ အသက်ရှူသံ သဲ့သဲ့ကို ရိပေါ် ကြားလိုက်ရသည်။

ကိုကို့ကို အခုလို အမြဲ ဖက်ထားခွင့် ရရင် ကောင်းမယ်...ဒါဆို ကျွန်တော့်ဆီက ကိုကို့ကို လုယူသွားမှာကို မစိုးရိမ် ရတော့ဘူးပေါ့...

❣ ❣❣ ❣❣❣

ရှောင်းကျန့် နေမကောင်းတော့ ရိပေါ်လည်း ကုမ္ပဏီကို မသွားတော့ပေ။ ခြေထောက်အတွက် မှန်ကွဲစ ကျန်မကျန် ဆေးရုံမှာ သွားစစ်ရသည်။ ​ေဆာင့်မိခဲ့တဲ့ ဦးခေါင်းအတွက် CT scan နဲ့ MRI က အစ ရိုက်စစ်ရသည်။

You are .....(U&Z) - CompletedWhere stories live. Discover now