(Unicode)
*ဟုန်ကျင်း...အလုပ်ပြီးပြီလား...ရှောင်းကောကောရော...
server room မှ ထွက်လာတဲ့ ဟုန်ကျင်းနဲ့ မိန့်မိန့်က ချိန်နုယဥ် ကို လှမ်းကြည့်လိုက်သည်။
*သူဌေးက...ဝမ်သူဌေးနဲ့အတူ... အပြင်ထွက်သွားတယ်...
ဟင်...ဒုက္ခပဲ...ကောကောကို ဟိုကောင်လေး ဘာတွေ ပြဿနာ ရှာဦးမယ် မသိဘူး...
*ဘယ်သွားမယ် ပြောသွားလဲ...
*လေညင်းခံဖို့ ခေါ်သွားမယ် ပြောတာပဲ...သူဌေးကလည်း ခေါင်းမူးနေလို့လေ...
*ေဩာ်...ပြီးရော...
အဖြေကို ချိန်နုယဥ် မကျေနပ်ပေမယ့် ဒီနှစ်ယောက်က ဝမ်ရိပေါ်ကို ဘယ်လို အစွမ်းနဲ့ တားနိုင်မှာတဲ့လဲ။ အဲ့ ဂျစ်ကန်ကန် ကောင်လေးက သူ လုပ်ချင်ရာ လုပ်တာလေ။ ဘယ်သူ့မှ ဂရုစိုက်တာမျိုး မဟုတ်ဘူး။
*သူက ဘာလဲ ဟုန်ကျင်း...
ချိန်နုယဥ် ထွက်သွားမှ မိန့်မိန့်က ဟုန်ကျင်းကို မေးလိုက်သည်။
*ဟင်း...အရှုပ်ထုပ်ပါကွာ...သူဌေးကို ဘာညာ ဘာညာပေါ့...ပြဿနာအိုးလေ...ရှီးဝမ်မှာ ဖြစ်သမျှ သူဌေးဆီ လာငိုပြပြီး...ကပ်နေတာ...တကယ် မလွယ်တာနော်...
*ဒါနဲ့...အဲ့ဒါ...ဝမ်သူဌေးရဲ့ အစ်မ မဟုတ်လား...
*အေး...အရင်းတော့ မဟုတ်ပါဘူး...မိထွေးဘက်က ပါလာတာ...
*ေဩာ်...ဒါကြောင့် ရုပ်မတူတာကိုး...ဝမ်သူဌေးလောက် မချောဘူးနော်...ဟီး...
*ေဩာ်...အရေးထဲ...ဝမ်သူဌေးကို သွားငမ်း နေသေးတယ်...ဟိုကဖြင့် အချေ...မ ဆို ဘယ်ဟာမှ စေ့စေ့ မကြည့်တဲ့ သူတော်စင်ကြီး...နင်မို့ သွားငမ်းနေတယ်...ငမ်းချင်ရင် ငါ့ကိုငမ်း...အဲ့ဒါကမှ နင့်ကို ပြန်ကြိုက်ချင် ကြိုက်မှာ...ဟိုကတော့ နင့်ကို...တာ့တာတောင် ပြန်ြပမှာ မဟုတ်ဘူး...
လာ...ပြန်စို့...နှာခေါင်း မီးတောက်မနေနဲ့...*ဟင်...ခွေးကောင် ဟုန်ကျင်း...နင့်လိုကောင်ကို ငါက ငမ်းစရာလား...သေစမ်း...သေစမ်း...
မိန့်မိန့်ရဲ့ အထုအထောင်း ဒဏ်ကို ဟုန်ကျင်းတယောက် ပျော်ရွှင်စွာ ခံနေလေတော့သည်။
YOU ARE READING
You are .....(U&Z) - Completed