အပိုင်း - ၄၄

4.6K 951 11
                                    


{Zawgyi}

ဖြုန်းခနဲဆိုသလို လင်ရှန်းမျက်နှာ ရဲတက်သွားတယ်။

ပတ်ပတ်လည်က အတန်းဖော်တွေရဲ့အကြည့်တွေက သူ့ဆီကို 'ရွှစ်' 'ရွှစ်'ဆိုပြီး ရောက်လာတော့တယ်။

သူ မီးထတောက်တော့မလိုတောင် ခံစားလိုက်ရတယ်။

သူက ဘယ်တုန်းကမှ ထင်ထင်ပေါ်ပေါ် မနေခဲ့ဖူးတဲ့လူတစ်ယောက်ဖြစ်တယ်။

သူ့ရဲ့ဉာဏ်ကြီးရှင်အစ်ကိုကြီးရဲ့ ပိတ်ဖုံးမှုကို အချိန်အကြာကြီး ခံခဲ့ရတာကြောင့်လားတော့ မပြောတတ်။ ဒီလိုမျိုးရုတ်တရက်ကြီး သဲသဲမဲမဲအာရုံစိုက်မှုမှာ လင်ရှန်း မသက်မသာဖြစ်တာကိုသာ ခံစားမိတယ်။

_ သူ ပေါက်ကွဲတော့မလိုတောင် ခံစားနေရတယ်။

"ပါးစပ်ပိတ်!" လင်ရှန်း ရပ်ကာ ခေါင်းလှည့်ပြီး မော့ကျူးချန်ကို ခပ်တိုးတိုးပြောလိုက်တယ် "ငါ့နောက်လိုက်မလာနဲ့!"

သူ ဟောက်လို့ပြီးတာနဲ့ ပြန်လှည့်ကာ ကျောင်းလွယ်အိတ်ကြိုးကို ဆွဲပြီး ရှေ့တည့်တည့်ကို ပြေးထွက်လာလိုက်တယ်။

အားကုန်ထုတ်သုံးလိုက်ရလို့ သူ နုံးချိနေပြီလို့တောင် လင်ရှန်း ခံစားရတယ်။ သူ့အတန်းဖော်တွေရဲ့ အံ့ဩနေတဲ့မျက်လုံးတွေထဲမှာ အသက်တစ်ရှိုက်အတွင်း စာသင်ဆောင်ဆီ ပြေးလာပြီးမှ ရပ်လိုက်တယ်။

မျက်နှာက အရင်ကထက်တောင် ပူလောင်နေပြီး အကြိမ်အနည်းငယ် အသက်ကိုပြင်းပြင်းရှုလိုက်တယ်။

လင်ရှန်း စာသင်ခန်းကို ချက်ချင်းမသွားဘူး။ လျှောက်လမ်းအဆုံးက သန့်စင်ခန်းဆီ အရင်သွားလိုက်တယ်။

အခုချိန်မှာ အတန်းတက်ဖို့ ဆယ်မိနစ်လောက်သာ လိုတော့တဲ့အတွက် သန့်စင်ခန်းထဲမှာ လူတစ်ယောက်မှ ရှိမနေဘူး။

သူ့ကိုယ်သူ မှန်ထဲမှာ ကြည့်လိုက်တယ်။

မျက်နှာက ရဲပတောင်းခတ်နေပြီး နှဖူးပေါ်မှာ ချွေးစပါးပါးထွက်နေတယ်။

လေ့ကျင့်ခန်းမလုပ်သလောက်ရှိတဲ့ otakuလေးက အသတ်ခံရတော့မလို တစ်လျှောက်လုံး အပြင်းအထန်ပြေးခဲ့ရတာလေ။

ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ ငါလေးက သုံးပိုင်းတည်းပါတာလေ! [ဘာသာပြန်]Where stories live. Discover now