အပိုင်း - ၄၂

4.9K 1K 117
                                    


{Zawgyi}

မော့ကျူးချန် ကားမောင်းခဲ့လိုက်တယ်။

တောက်ရန်မှာက ဆိုင်ကယ်တစ်စီးရှိပြီး သူတို့တွေ မကြာမကြာ ဆော့ဖို့ချိန်းဆိုတဲ့ စတိုးက ရှုချန်နဲ့ အနီးဆုံးဖြစ်တယ်။

ဒါက membershipအခြေခံ ဇိမ်ခံနေရာတစ်ခုဖြစ်ပြီး ဧည့်သည်တွေရဲ့ကိုယ်ရေးကိုယ်တာကို အမြဲတမ်းဆိုသလို ကောင်းကောင်း ကာကွယ်ပေးထားတယ်။

ငါးထပ်ရှိပြီး တစ်ထပ်ချင်းစီတိုင်းက သီးသန့်ခန်းဖြစ်တယ်။ အသံလုံစနစ်ကလည်း အတော့်ကို ကောင်းမွန်လှတယ်။

ဟိုးအရင်တွေတည်းက သူတို့အတွက် သူဌေးက ထားထားပေးတဲ့ သီးသန့်ခန်းတံခါးကို မော့ကျူးချန် ဖွင့်လိုက်တဲ့အခါ အထဲမှ တိတ်ဆိတ်နေတယ်။

ရှုချန်းနဲ့ တခြားသူတွေ ရောက်နေကြပြီ။

သီးသန့်ခန်းရဲ့အပေါ်က ကျောက်သလင်းမီးဆိုင်းလေးကိုလည်း ဖွင့်ထားတာကြောင့် တစ်ခန်းလုံး အတော့်ကို လင်းထိန်နေတယ်။

တောက်ရန်က သီးသန့်ခန်းတံခါးနဲ့အနီးဆုံး တစ်ယောက်ထိုင်သက်သောင့်သက်သာဆိုဖာကြီးပေါ်မှာ ခွေနေပြီး ပျင်းရိစွာနဲ့ ဂိမ်းစက်ကို ကိုင်ထားတယ်။

လှုပ်လှုပ်ရှားရှားအသံကို ကြားတဲ့အခါ ချက်ချင်းခေါင်းထောင်ပြီး မော့ကျူးချန်ကို ကြည့်လာတယ်။

"ဘော့စ်!" တောက်ရန် ဆိုဖာက ခုန်ထကာ မော့ကျူးချန်ရှေ့ကို ခြေလှမ်းအနည်းငယ်နဲ့တင် ခုန်သွားလိုက်တယ်။ "နောက်ဆုံးတော့ ရောက်ပြီပဲ"

"ဘာဖြစ်လို့လဲ?"

မော့ကျူးချန်အကြည့်က တောက်ရန်ရဲ့မျက်နှာပေါ် ကျရောက်သွားတယ်။

တစ်ဖက်လူက သူ့ကို အသည်းအသန်မျက်စပစ်ကာ စိတ်လှုပ်ရှားတာရော တစ်ခုခုဖြစ်နေတဲ့အမူအယာနဲ့ပါ ကြည့်နေတယ်။

"တောက်ရန်" သူ့နောက်ကနေ ရှုချန်းရဲ့အသံ ထွက်ပေါ်လာတယ် "စကားမပြောနဲ့အုံး"

မော့ကျူးချန်က တောက်ရန်ပုခုံးကို ပုတ်ကာ သီးသန့်ခန်းကို ကြည့်လိုက်တယ်။

စုတျန်းတျန်းက နှစ်ယောက်ခုံဆိုဖာရှည်ကြီးမှာ ထိုင်နေတယ်။ သူက လက်ထဲမှာ ဘောပင်တစ်ချောင်းကိုင်ထားပြီး မျက်ခုံးတွေက တွန့်ကွေးတော့မတတ်ဖြစ်နေကာ သူ့ရှေ့က ဖွင့်ထားတဲ့စာအုပ်ကို ဝမ်းနည်းတကြကီး ကြည့်နေတယ်။

ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ ငါလေးက သုံးပိုင်းတည်းပါတာလေ! [ဘာသာပြန်]Opowieści tętniące życiem. Odkryj je teraz