အပိုင်း - ၂၄

8.1K 1.7K 45
                                    

{Zawgyi}

ဖိုရမ်ရဲ့ဒီလိုအထပ်မြင့်အဆောက်အအုံကြီးက သေချာပေါက် သောက်ကျိုးနည်းတွေ လုပ်နိုင်တာပေါ့။

မော့ကျူးချန်ရဲ့ပြန်စာပေါ်လာတယ်ဆိုရင်ပဲ အထပ်မြင့်အဆောက်အအုံကြီးတစ်ခုလုံး ငြိမ်ကျသွားတယ်။ အချိန်အကြာကြီး သူ့ပြန်စာကသာ နောက်ဆုံးစာဖြစ်နေတယ်။ [ T/N : အထပ်မြင့်အဆောက်အအုံဆိုတာ ဖိုရမ်ပေါ်မှာ ပြန်စာ(reply)တွေအများကြီးနဲ့ postကိုပြောတာပါ။ ]

ထိုစာကြောင်းကိုကြည့်ပြီး ရှင်းဆန်းအထက်တန်းကျောင်းက ကျောင်းသားတွေ သွေးအန်ကုန်တော့တယ်။ ဒါက ဘာကိုဆိုလိုတာလဲ? လင်ရှန်းက ချွတ်လိုက်တာမဟုတ်ဘူး သူ့ဘာသာချွတ်လိုက်တာ?

အဲ့တော့ သူတို့အချင်းချင်းက ချစ်နေကြပြီလား? အဲ့တော့ လင်ရှန်းက လျှောက်လမ်းတံခါးကို တကယ်ပိတ်ခဲ့ပြီး သခင်လေးမော့နဲ့ အဲ့လိုဟိုဒင်းဟိုဟာ ပြုကြသည်ပေါ့?

ကယ်ကြပါအုံး… ငါ ဒီလိုမြင်ကွင်းမျိုးကို တကယ်တွေ့ချင်တာ အား အား အား!

“ဟုတ်ပြီ” မော့ကျူးချန် လင်ရှန်းဘက်ကို သူ့ဖုန်းထိုးပြလိုက်တယ် “မင်းက ငါ့အကျီကို မချွတ်ခဲ့ဘူး ငါ့ဘာသာချွတ်လိုက်တာလို့ ရှင်းပြပြီးပြီ”

လင်ရှန်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်တယ်။ ရှင်းပြရခက်ပေမယ့် တစ်ခုခုမှားနေသလိုတော့ ခံစားမိနေတယ်။ မော့ကျူးချန်က ဖုန်းကို ပြန်ဆွဲယူပြီး အေးအေးလူလူ သူ့ပုခုံးပေါ်လက်လာတယ် “အခု ငါတို့ သွားစားကြတော့မလား?”

အခုက နေ့လည်စာနားချိန်ဖြစ်တာကြောင့် ကျောင်းထဲမှာ ကျောင်းသားတွေ ဥဒဟိုသွားလာနေကြတယ်။ မနက်တုန်းက basketballကစားပွဲအကြောင်း ဖိုရမ်ပေါ်မှာ လှုပ်လှုပ်ရှားရှားဖြစ်နေတာ ကြာပြီဖြစ်တာကြောင့် လူတိုင်းသိနေကြပြီ။ မော့ကျူးချန်ရဲ့ပြန်စာပါ ထပ်ပေါင်းလိုက်တဲ့အခါ လုံးဝကို ဝက်ဝက်ကွဲဖြစ်နေတယ်။

သူတို့ကို ဖြတ်သွားတဲ့လူတိုင်းက ရှုပ်ထွေးတဲ့မျက်လုံးတွေနဲ့ ကြည့်သွားကြတာကို လင်ရှန်း ခပ်မြန်မြန်ပဲ သိလိုက်ရတယ်။

ပြီးတော့ သူက လင်ရှန်းမှန်းသိသွားကြတဲ့သူတွေကလည်း သူတို့ကို နောက်ပြန်လှည့်ပြီး ကြည့်သွားကြတယ်။ ချက်ချင်းဆိုသလို သူ့ခေါင်းကိုငုံ့ချကာ သူတို့တွေကို ပတ်ရှောင်ပြီးအမြန်သွားလိုက်တယ်။ ဒီလိုကြီးက ဖုံးကွယ်ထားအရာရှိသလိုမျိုး တင်းမာပြီး ကိုးရို့ကားယားနိုင်တဲ့ လေထုကြီး။

ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ ငါလေးက သုံးပိုင်းတည်းပါတာလေ! [ဘာသာပြန်]Donde viven las historias. Descúbrelo ahora