အပိုင်း - ၉

11.1K 2.2K 45
                                    

{Zawgyi}

ရှန်းရှန်း… ရှန်းရှန်း…

ဒီနာမည်ကို ဒီလိုမျိုးနူးညံ့တဲ့အသံလေးနဲ့ ခေါ်တာ အိမ်မက်ထဲမှာပဲ ကြားဖူးတယ်။ ဖုန်းနဲ့ကပ်ထားတဲ့ လင်ရှန်းနားရွက်က ချက်ချင်းပူတက်လာတယ်! သူမနေနိုင်မထိုင်နိုင် အိမ်မက်ကို တွေးမိပြန်တယ်။ အိမ်မက်ထဲက နတ်ဆိုးဆန်တဲ့ဆွဲဆောင်မှုရှိသူက ပုံမှန်စကားလုံးတွေ မသုံးဘူး။

လင်ယွမ်အသံက တကယ်တော့ ယန်ရှို့နဲ့မတူဘူး။ နွေဦးလေပြည်လေးလို သိမ်မွေ့တာကလွဲရင် လင်ယွမ်ရဲ့စကားလုံးတွေက ကြည်လင်ပြီး အသံအနေအထားကလည်း ပိုပြီးတော့တောင် ကောင်းသေးတယ်။ သူက သူ့ညီလေးပြန်ပြောလာမှာကို အချိန်အကြာကြီးထပ်စောင့်မနေဘဲ စိတ်ရှည်လက်ရှည်နဲ့ ထပ်မေးလိုက်တယ် “ဘာဖြစ်လို့လဲ? အခုက စကားပြောလို့ အဆင်မပြေဘူးလား? ကျောင်းမှာပဲ ရှိသေးတာလား?”

လင်ရှန်းနှလုံးသား လှုပ်ခတ်သွားပြီး စိတ်တော့မချမ်းမသာဖြစ်သွားတယ်။ သိသိသာသာကို ဒါက ရိုးရှင်းတဲ့သိလိုစိတ်လေးပါပဲ။ ဒါပေမယ့် အခုအခိုက်အတန့်မှာ သူ့စိတ်သူထိန်းလိုက်တော့ သူ့ကိုတကယ်တန်ဖိုးထားပြီး ဂရုစိုက်ပါလားဆိုတဲ့ ခံစားချက်လေးတစ်ခု ရလိုက်တယ်။

ရုတ်တရက်ဆိုသလို စာအုပ်ထဲက လင်ရှန်းကို မနာလိုဖြစ်သွားတယ်။

“ဟမ်?” လင်ယွမ်လေသံက စိုးရိမ်တဲ့အသံဖြစ်လာတယ် “အားရှန်း?”

လင်ရှန်း အသက်ကိုပြင်းပြင်းရှုလိုက်တယ်။ ဒီလောက်သိမ်မွေ့တဲ့လူတစ်ယောက်ကို ဘယ်လိုလုပ် စိတ်ပျက်သွားအောင်လုပ်နိုင်မှာလဲ! သူအလျင်စလိုပြောလိုက်တယ် “ကျွန်… ကျွန်တော်အခု… အတန်းဖော်တစ်ယောက်အိမ်ကို ရောက်နေလို့” လင်ရှန်း စိတ်လှုပ်ရှားစွာ အထစ်ထစ်အငေါ့ငေါ့နဲ့ပြောလိုက်တယ် “ကျွန်တော်တို့… အိမ်စာတွေ အတူတူလုပ်နေတာ”

သူပြောပြီးတာနဲ့ သူကဘိတ်ချီးပဲဆိုတာကို ပြန်တွေးမိပြီး လင်ရှန်းရှက်သွားတယ်။ သေချာတာပေါ့ ဖုန်းထဲကနေ ခပ်ဟဟရယ်မောသံတစ်ချက် ထွက်ပေါ်လာတယ်။ လင်ရှန်း ပိုလို့တောင် စိတ်လှုပ်ရှားသွားရတယ်။

ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ ငါလေးက သုံးပိုင်းတည်းပါတာလေ! [ဘာသာပြန်]Tempat cerita menjadi hidup. Temukan sekarang