အပိုင်း - ၁

24K 3.1K 230
                                    

{Zawgyi}

•ကျောင်းရဲ့အကျင့်ပုတ်ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်က မင်းကိုဆွဲစားတော့မယ် : လွတ်လမ်းမရှိဘူး အချစ်ကလေး!•

နွေဦးလေပြေကြောင့် ကြွေလွင့်ပြီးသားရွက်ဦးတွေက ရှင်းဆန်းအထက်တန်းကျောင်းရဲ့ စီနီယာ Fအတန်းတစ်လျှောက်ထိ လွင့်ပျံသွားတော့တယ်။

စာသင်ခန်းရဲ့ အနောက်ဘက်တွင်...

လင်ရှန်း နံရံကို လက်တစ်ဖက်နဲ့ထောက်ပြီး ဘောင်ဝင်တန်းဝင်တဲ့ kabedon ပို့စ်မျိုး လုပ်ထားတယ်။

သူ့ခေါင်းကို ငုံ့ချလိုက်တယ်ဆိုရင်ပဲ သမင်လေးလို ကျောင်းဝတ်စုံလေးဝတ်ထားပြီး ကြည်တောက်နေတဲ့မျက်ဝန်းလေးတွေနဲ့ သူ့ကိုမော့ကြည့်နေတဲ့ ချစ်စဖွယ်ကောင်မလေးတစ်ယောက်ကို တွေ့လိုက်ရတယ်။

ကောင်မလေးရဲ့မျက်နှာလှလှလေးက လက်ရှိမှာတော့ နီဖြန်းနေပြီး တောက်ပတဲ့မျက်လုံးလေးတွေမှာလည်း ဒေါသတွေအပြည့်တောက်လောင်နေတယ်။

"ငါ့ကိုလွှတ်ပေး!" ကောင်မလေးက သူ့ကိုအော်လာတယ်။

သူမဒေါသထွက်နေချိန်လေးမှာတောင် အသံလေးက အရမ်းကိုကြွပ်ဆတ်ဆတ်လေးနဲ့ ချိုမြိန်လို့နေတယ်။

နွေဦးနေ့တစ်နေ့ရဲ့ အချိုမြိန်ဆုံးပန်းသီးလေးလို၊ ရေတွေတသွင်သွင်စီးဆင်းနေတဲ့ တောင်ရဲ့စမ်းချောင်လေးလို ပြီးတော့ သာယာနာပျော်ဖွယ်ကောင်းတဲ့သီချင်းကို သီကျူးတတ်တဲ့ အိုရီအိုးငှက်ကလေးတစ်ကောင်လို...

ကြည်လင်ပြီး နားထောင်လို့ကောင်းတယ်။

သူ့စိတ်ထဲမှာ ရုတ်တရက်ပေါ်ထွက်လာတဲ့ လန့်ဖြန့်စရာကောင်းလှတဲ့ဖော်ပြချက်တွေကြောင့် လင်ရှန်း မင်သက်နေမိတယ်။

သူက ဘယ်တုန်းကမှ စာပေလိုက်စားတဲ့ လူငယ်လေးတစ်ယောက်မဟုတ်ခဲ့ဘူး!

နောက်ပြီးတော့ သူက ကောင်မလေးတွေကို ကျီဆယ်ရတာ ဝါသနာထုံတဲ့လူမျိုးလည်း မဟုတ်ဘူး!

သူက ကောင်မလေးကိုလွှတ်ပြီး ကြောင်တောင်တောင်kabedonကို အဆုံးသတ်ဖို့ပြင်လိုက်တယ်။

သို့ပေမယ့် ဆန်းကြယ်ပြီးအားကောင်းတဲ့ တွန်းအားတစ်ခုက သူ့ကိုတားဆီးလာတယ်။

ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ ငါလေးက သုံးပိုင်းတည်းပါတာလေ! [ဘာသာပြန်]Donde viven las historias. Descúbrelo ahora