အပိုင်း - ၁၀

11.2K 2.2K 32
                                    

{Zawgyi}

လင်ရှန်း လင်ယွမ်ကို ငေးကြောင်ပြီးကြည့်နေမိတယ်။

သူပျော်သွားတာလား စိတ်ပျက်သွားတာလားဆိုတာကိုတောင် မသိတော့ဘူး။ လင်ယွမ်က အရမ်းလှတယ်။ မီးခိုးရင့်ရောင်ဆွယ်တာ၊ နက်ပြာရောင်ပေါ့ပေါ့ပါးပါးဘောင်းဘီလေးနဲ့။ အနက်ရောင်ဆံပင်တိုလေးကိုလည်း တမူထူးခြားစွာတိရိထားပြီး ဆံပင်တချို့ကတော့ သူ့နှဖူးပေါ်ကျနေကာ နှစ်လိုဖွယ်ကောင်းတဲ့ မျက်ခုံးမွှေးလေးတွေကို တစ်ဝက်လောက်ကွယ်နေတယ်။ နှာတံလှလှလေးနဲ့ နှုတ်ခမ်းပါးပါးလေးလည်း ရှိတယ်။

လင်ယွမ်က ဆေးရေးပန်းချီကားချပ်ထဲက ထွက်လာတဲ့ ချောမောခန့်ညားတဲ့လူသားလေးနဲ့တူတယ်။

သို့ပေမယ့်သူက ယန်ရှို့နဲ့မတူဘူး။ လင်ယွမ်က ယန်ရှို့ထက် ပိုကြည့်ကောင်းတယ်!

သူ့ညီငယ်ရဲ့မျက်လုံးတွေက အရမ်းကို စူးစူးစိုက်စိုက်ကြည့်နေတာကြောင့်ဖြစ်မယ် လင်ယွမ်က ဟင်းတစ်ခွက်ထပ်ထုတ်လာပြီး သူ့ရဲ့လက်ချောင်းရှည်သွယ်သွယ်တွေနဲ့ စားပွဲခုံကို နှစ်ချက်ခေါက်လိုက်ကာ လင်ရှန်းကို ပြုံးပြလိုက်တယ် “အားရှန်း လာလေ”

“သွားကြစို့” သူတို့အမေ ချူးရုန်က လင်ရှန်းကို အပြုံးလေးတစ်ပွင့်နဲ့ တွန်းပို့လိုက်တယ် “မင်းအစ်ကိုလို အလုပ်ဂျပိုးက အလုပ်တွေ ဘေးချိတ်ပြီး ချက်ပေးတယ်ဆိုတာ ရှားတယ်နော်”

လင်ရှန်း အံ့ဩသွားတယ်။ သူ ထမင်းစားပွဲဆီကို ဖြေးဖြေးချင်းလျှောက်သွားလိုက်တယ်။ အဖြူရောင်စကျင်ကျောက်ထမင်းစားပွဲပေါ်မှာ အရမ်းကိုဆွဲဆောင်အားပြင်းနေတဲ့ ငန်းသားကင်အပြင် အသားသုံးခွက်နဲ့ ဟင်းသီးဟင်းရွက်သုံးခွက်ရှိနေတယ်။

အာလူးနဲ့ချက်ထားတဲ့ ဝက်နံရိုးဟင်း၊ ငရုတ်သီးစိမ်းလေးတွေနဲ့ ကြက်သားမွှေကြော်၊ လက်ဖက်စိမ်းနဲ့ရောကြော်ထားတဲ့ ပုစွန်ဟင်း၊ တရုတ်နံနံခတ်ထားနဲ့ နှင်းပန်းကြော်၊ သပွတ်သီးကြော်နဲ့ မှိုဟင်းတို့ဖြစ်တယ်။ ချိုအီတဲ့အနံ့လေးက မီးဖိုချောင်ထဲကပျံ့လွင့်လာတာကြောင့် အခုထိမချထားရသေးတဲ့ စွပ်ပြုတ်ဟင်းပဲဖြစ်ရမယ်။

ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ ငါလေးက သုံးပိုင်းတည်းပါတာလေ! [ဘာသာပြန်]Opowieści tętniące życiem. Odkryj je teraz