အရင်ဆုံးပြောချင်တာက Genoရဲ့ စိတ်အခြေအနေအကြောင်းပြောချင်ပါတယ်။ Genoမှာ အနုစား ဘိုင်ပိုလာရှိပါတယ်။ (အနုစား အကြမ်းစားရှိမရှိတော့မသိဘူး)
စိတ်အတက်အကျရောဂါပါ။ အလှည့်ကျလာပါတယ်။ ပြောချင်တာက အကျပိုင်းတွေ ရောက်ရင် ဘာမှ မလုပ်ချင် မကိုင်ချင်တော့သလို ဘာမှလဲ မရေးချင်တော့။
မရေးဖြစ်တာလဲ ကြာပါပြီ။
အတက်ပိုင်းကို ရောက်လာပြီဆိုရင်လဲ Geno ဦးနှောက်ကို ဘယ်သူမှကို တားမရတော့ဘူး။ ဟို ဟာလဲ လုပ်ချင် ဒီဟာလဲလုပ်ချင်။ စိတ်ကူးတွေကလဲ ပေါများပြီး။ တစ်ခုပြီး တစ်ခု ဟိုဒီ ကူးနေတာမျိုးပေါ့။ ....
တကယ်ပြောတာပါ စာတစ်အုပ် အရင် ဇောက်ချရေးဖို့ ကိုယ့်ဟာကိုယ် တွန်းအားပေးရပါတယ်။တကယ်တော့ ဂျီနို အရှေ့မှာ ရေးခဲ့တဲ့ စာအုပ်တွေ အားလုံးထက် အခုရေးတဲ့ စာအုပ်က ဂျီနို့စိတ်ရင်းပိုမှန်ပါတယ်။ ဂျီနိုက အရင်ကတည်းက ဒီလို ညစ်ညစ်ပတ်ပတ် အပြာစာပေသာ ရေးချင်ခဲ့တာပါ။ မရေးနိုင်တာကြောင့်သာ မရေးပဲထားတာပါ။ ခုတော့ ရေးပါပြီ။
ကြိုသတိပေးချင်တာက လိင်ကိစ္စတွေ အသားပေးရေးထားတာမို့ ကလေးတွေ ဝင်မဖတ်စေချင်ပါဘူး။ယောကျာ်းလေးချင်း
မိန်းကလေးချင်း
ယောကျာ်းလေးနဲ့ မိန်းကလေး
အကုန် ပါပါတယ်။
နောက် tabooချိုးပြီးရေးထားတဲ့ အရမ်းအကြမ်းတွေလဲပါလောက်မယ်ထင်တော့ အဆင်မပြေတဲ့သူ ဝင်မဖတ်စေချင်ဘူး။ ဒါပေမယ့် ကြိုတော့ သတိပေးအုန်းမှာပါ။သင်တို့ သိပ်ချစ်ကြတဲ့
Geno
YOU ARE READING
အပြာရောင် အရေးအသားများ (18+)
Short Storyလိင်တူ လိင်ဆက်ဆံတဲ့အခန်းများပါသည့်အရေးအသားများ + အရွယ်ရောက်ပြီးသူများသာဖတ်ရန်