အထက်တန်းကျောင်းက အတင်းအဖျင်း (၇)

1.6K 47 0
                                    

လွန်ခဲ့တဲ့ သုံးပတ်ခန့်က ဘာတွေ တကယ်ဖြစ်ခဲ့တာလဲ။

အီဗန် POV

"ဝူးးးးးး။ ပါတီတီတီတီ......"

ကျနော် လက်ပိုက်လျက်သား နံရံ‌ကို မှီနေလိုက်တယ်။ ပေါရဲ့ ရေကူးကန်ပါတီက စတာမှ တ‌နာရီလောက်ပဲ ရှိသေးတာကို သူ့မိဘအိမ်က အမှိုက်ပုံလိုဖြစ်နေပြီ။ အမှိုက်တွေ၊ ပရိဘောဂအစအနတွေ၊ အယ်ကိုဟော ပုလင်းတွေ ဗူးတွေက ခွေးအိမ်မှာကျန်တဲ့အပိုင်းအစတွေနားမှာ တွဲလဲခို ရှုပ်‌‌ထွေးလို့နေတယ်။

မူးနေတဲ့ ဆယ်ကျော်သက်တချို့က ခွေးအိမ်ကို ခလုတ်တိုက်မိလို့ဆိုပြီး တစ်စစီ ဖျက်စီးပစ်လိုက်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ လက်ကိုင် လွှဖြတ်စက်ရဲ့ အကူအညီကို ယူပြီး လက်စတုန်းလိုက်ကြတာ။ အဲ့ လွှကို ဘယ်ကနေရလာတာလဲဆိုတာတော့ ထူးဆန်းတဲ့ကိစ္စပဲ။ ပိုပြီးရယ်စရာကောင်းတာက သူတို့ အပိုင်းပိုင်းပြတ်တဲ့အစတွေကို အပိုင်းစက် ဂိမ်း‌လိုမျိုး ပြန်ဆက်နေကြတာကိုပဲ။ တကယ့် ငမူးတွေ။

ကျနော်က ခေါင်းခါလိုက်‌တယ်။ ခုထိ ဘယ်သူမှ ရဲ‌မခေါ်သေးတာ အံ့ဩမိတယ်။ ကျနော်တို့ဆီကထွက်နေတဲ့ အသံတွေက ဆူညံနေတာကို။ ပေါရဲ့အိမ်က ‌ကုန်းထက်လေးပေါ်မှာမို့ဖြစ်မယ်။ အောက်က အိမ်‌တွေနဲ့ကလည်း အတော်လေး လှမ်းတယ်။

အခန်းရဲ့တစ်ဖက်မှာ ဒဲရက်ကို တွေ့တယ်။ ကျနော် မသိတဲ့ကောင်မလေးနဲ့ တွဲပြီးကနေတယ်။ ကောလိပ်က ကောင်တွေနဲ့ပါလာတဲ့ထဲက ကောလိပ်သူဖြစ်လိမ့်မယ်ထင်တယ်။ ပါတီက အတိုင်းထက်အလွန် ကျယ်လောင်တဲ့ ‌သီချင်းသံတွေ၊ လူတွေ အော်နေတဲ့အသံ‌တွေ၊ ကျယ်လောင်တဲ့ ရယ်သံတွေ၊ ဘီယာပြိုင်သောက်တဲ့ဝိုင်းက အသံတွေနဲ့ စည်ကားနေတာပဲ။ နောက်ထပ် ဆန်းကြယ်တာတစ်ခု။ အသက်မပြည့်သေးတဲ့ကလေးတွေက ဒီလောက် အရက် ဘီယာတွေအများကြီးကို ဘယ်လို လက်ထဲရလာကြတာလဲ။

"အီဗန်န်န်န်န်န်" ချစ်စရာပြည့်ဖြိုးရတနာ အေနီက သူ့ကိုယ်သူ မလှဲအောင်ထိန်းတဲ့အနေနဲ့ ကျနော်လက်ကို ဆုပ်ကိုင်လိုက်တယ်။
"အီဗန်န်န်န်န် အဆင်င်ပြေ‌လာာာား" ဒီကောင်မလေးဆီက ထွက်လာတဲ့ အရက်နဲ့ ကြောင့် နှာခေါင်းကို ပွတ်လိုက်တယ်။ ကျိန်းသေပေါက် မူးနေပြီ။

အပြာရောင် အရေးအသားများ (18+)Onde histórias criam vida. Descubra agora