အီဗန့် POV
နောက်ရက်မှာ ရှယ်လီ အတန်းတော့မလာဘူး။ ဒါပေမယ့် ကျောင်းဆင်းချိန်မှာတော့ အထွက်ပေါက်မှာစောင့်နေတယ်။
ကျနော်တို့ သုံးယောက် သူမဆီသွားတော့ သူက ကျနော်တို့ကို ပြုံးပြတယ်။ ပင်ပန်းနွမ်းနယ်စွာနဲ့ စိတ်မသက်မသာပုံစံမျိုးနဲ့။ မနေ့ကထက်စာရင်တော့ ပိုပြီး သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းတော့ ဖြစ်နေရဲ့။
"ဟေး" သူမက ကျနော်တို့ သုံးယောက်ကို နှုတ်ဆက်တယ်။
"ဟိုင်း ရှယ်လီ" ကျနော်က သူမကို ဖက်လိုက်တယ်။ သူ့အတွက် လိုအပ်နေမယ်ထင်လို့။ သူက ကျနော့်ကို ပြန်ဖက်တယ်။ အခုနေ ပိုပြီးတောင် ကျိုးပဲ့လွယ်နေတဲ့ ပုံစံမျိုးနဲ့။
သူမက နောက်ပြန်ဆုတ်ပြီး ပေါကို ပြုံးပြတယ်။
"ဟေး"ပေါက ပြုံးတယ်။ "ဟေး"
ဒဲရက်က သူတို့ကို ကြည့်ပြီး မျက်လုံးလှိမ့်တယ်။
"ကဲ အပိုတွေ ခနထားပြီး အဖိုးကြီးဖင်ကို သွားကန်ကြမယ်""ဒဲရက်!" ကျနော် မျက်စောင်းထိုးပြီး သူ့ကိုအော်လိုက်တယ်။
သူက အနက်ရောင် ရှပ်ကို အနက်ရောင် ဂျင်းဘောင်းဘီနဲ့ တွဲဝတ်ထားတယ်။ ကျနော့်ကို အပြစ်မလုပ်ထားတဲ့ပုံစံမျိုးနဲ့ ကြည့်တယ်။
"ဘာလဲ"ကျနော် မျက်လုံးကို လှိမ့်လိုက်ပေမယ့် နည်းနည်းလေးတော့ ပြုံးချင်မိသွားတယ်။
"အိုကေ သွားရအောင်""ခုမဟုတ်ရင် ဘယ်တော့မှပဲ" ပေါက ပြောပြီး လက်တွေကို ဘောင်းဘီအိတ်ထဲထည့်တယ်။
ရှယ်လီက ပေါရဲ့ အဝါရောင် ဟန်းမားကားကြီးနဲ့ လိုက်စီးတာကို ကျနော်တို့နှစ်ယောက်က ကျနော်ကားနဲ့ပဲ ရှယ်လီတို့အိမ်ကို ဦးတည်တယ်။ လမ်းတစ်လျှောက်လုံးလဲ ဒဲရက်ကို မှာရသေးတယ်။ စကားပြောတဲ့ကိစ္စက ကျနော်ပဲ လုပ်မယ်။ သူဝင်မပြောဖို့။ လိုရမယ်ရ အနားမှာ ဒီအတိုင်းရပ်နေဖို့ပဲ။ သူကတော့ သိတဲ့အတိုင်းပဲ။
"အေးပါ အေးပါ"နဲ့ စကားကို အတည်ယူတဲ့ပုံစံလဲ ပေါက်မနေဘူး။
YOU ARE READING
အပြာရောင် အရေးအသားများ (18+)
Short Storyလိင်တူ လိင်ဆက်ဆံတဲ့အခန်းများပါသည့်အရေးအသားများ + အရွယ်ရောက်ပြီးသူများသာဖတ်ရန်