အထက်တန်းကျောင်းက အ‌တင်းအဖျင်း (၈)

1.4K 52 1
                                    

အီဗန်ရဲ့ POV

အိုမဂေါ့ အိုမဂေါ့ အိုမဂေါ့
အေနီ အလန့်တကြားထဖြစ်တယ်။ သူ့ပါးစပ်ကို လက်နဲ့ အုပ်လိုက်တယ်။
"မဟုတ်တာ"

"Dude!"ပေါက ဒဲရက်ပ်ရဲ့ ပုခုံးကို ကိုင်လိုက်တယ်။ "မင်း ဘာတွေ ‌ပြောနေတာလဲ။ မင်းနဲ့....နဲ့ အီဗန်နဲ့က"

ကျနော်တို့ ပတ်လည်မှာ ကျယ်လောင်တဲ့ ငြင်းခုံသံတွေထွက်ပေါ်လာတယ်။ စက္ကန့်နှင့် အမျှ အသံတွေက ပိုကျယ်လာကြတယ်။ ကျနော် သူငယ်ချင်းတွေနဲ့ သူစိမ်းတွေရဲ့မျက်နှာတွေကို ကြည့်လိုက်တယ်။ ကျနော် မျှော်မှန်းထားတဲ့အတိုင်း တချို့က မနှစ်မြို့တဲ့ မျက်နှာတွေနဲ့။ ဒါပေမယ့် တခြားစိတ်အခြေအနေတွေလဲရှိတယ်။ အံ့ဩသွားကြတာ၊
စိတ်ရှုပ်ကုန်တာ၊ သနားတာ၊ စိတ်ဝင်စားတာ၊ သိချင်စိတ်ဖြစ်လာကြတာ၊ နဲ့ ဒေါသစိတ်တို့ကို တွေ့ရတယ်။

ကျနော် ခေါင်းကို ခါလိုက်တယ်။ ဒဲရက်ပ် ဘာလိုများ စဉ်းစား‌လိုက်တာလဲ။ ဒဲရက်ပ်က တစောက်ကန်းဆိုတာကို ကျနော်သိတယ်။ ဒါပေမယ့် ဒီဟာကိုတော့ လုံးဝ မခန့်မှန်းခဲ့မိဘူး။ အဲ့အရူးကို ဆွဲပဲထိုးရမှာလဲ။ နမ်းပဲနမ်းလိုက်ရမလား မသိတော့ဘူး။

"အဲ့တာ လိမ်နေတာပဲနေမှာ" ကောင်မလေးတစ်ယောက် အော်တယ်။

"တကယ် ဟုတ်ရင်လဲ ‌ဟုတ်မှာပေါ့" နောက်တစ်ယောက်က ပြောတယ်။ ဘယ်သူက ဘာပြောနေလဲပြောဖို့က အတော်ခက်နေတယ်။ လူတိုင်းဆီကနေ အသံထွက်နေတယ်ဆိုတော့ ကျနော့်နားထဲ အသံတွေနဲ့ ပြည့်နေတယ်။

"သူတို့ သောက်ရမ်းhotနေကတည်းက straightတွေမဟုတ်ကြမှန်းသိတယ်။"

"နိုး အီဗန် ဘာလို့လဲ!"

"အို မိုင် ဂေါ့၊ ဘာလို့ အမြဲတမ်း HOTတဲ့ကောင်‌တွေက ဂေးနေရတာလဲ။မ-ယုံ-နိုင်စရာပဲ"

"အဲ့တာဆို ရှယ်လီ့ကို ဗိုက်ကြီးအောင် ဘယ်သူလုပ်လိုက်တာလဲ"

"အီဗန်! အီဗန်! မင်းတို့တွေ ဘုနေကြတာ ဘယ်လောက်ကြာပြီလဲ။"

ကျနော် နဖူးကို ပွတ်ရင်း ညည်းလိုက်တယ်။ သူတို့ရဲ့အသံတွေက ကျနော်အခုလောလောဆယ် မလိုအပ်ဆုံး ခေါင်းကိုက်မှုကိုပေးတယ်။

အပြာရောင် အရေးအသားများ (18+)Donde viven las historias. Descúbrelo ahora