အထက်တန်းကျောင်းက အတင်းအဖျင်း (၂၉)

519 9 2
                                    


"ဒဲရက် မင်း စိတ်အေးအေးထားပါမယ်လို့ ငါ့ကို ကတိပေစမ်း ဟျောင့်"

ဒဲရက်က ရှေ့တည့်တည့်ပဲကြည့်နေတယ်။ မျက်လုံးတွေက ကျနော့်ကို မဆုံဘူး။ ဘေးတိုက် ကြည့်တော့ သူ့မေးရိုးကို တင်းနေအောင် စေ့ထားပြီး မျက်လုံးမှာလဲ မာကြောတဲ့ အရိပ်အယောင်သန်းနေတယ်။ စိတ်အေးတယ်ဆိုတဲ့ အခြေအနေနဲ့ အဝေးကြီးဆိုတာ ကျနော် သဘောပေါက်နေပြီးသားပဲ။ အချိန်မရွေး ပေါက်ကွဲထွက်ဖို့ အဆင်သင့်အနေအထားဖြစ်နေပြီ။ သူ ချာလီကိုသာတွေ့ရင် ရပ်တန့်မရတော့မှာကို ကျနော် ကြောက်မိတယ်။

သူ့ကလေးရဲ့အဖေက ဘယ်သူဆိုတာကို ရှယ်လီ ကျနော်တို့ကို ပြောပြတဲ့အချိန်မှာ ဒဲရက်ထဲက တစ်ခုခုက ပြင်းထန်စွာ ပေါက်ကွဲသွားခဲ့တယ်။ ချာလီဆိုတာ အထက်တန်းကျောင်းစကတည်းက ကျနော်တို့ရဲ့ သူငယ်ချင်းဖြစ်ခဲ့တဲ့သူပဲ။ သူက လူပေါင်းဆန့်ပြီ အရာရာကို အေးဆေးကျော်ဖြတ်တက်တဲ့သူမို့ လူချစ်လူခင်ပေါတယ်။ သူနဲ့ ဒဲရက်တို့က တွေ့တွေ့ချင်းမှာတင် စခင်သွားခဲ့ကြတာ။

ဒဲရက်က ကားထဲ တိတ်ဆိတ်စွာထိုင်နေတယ်။ တစ်ယောက်ယောက်ကို ထိုးကြိတ်လိုက်ဖို့အတွက် လက်တွေကို ပြင်ထားတယ်။ ဒဲရက်က အရင်ချ၊ နောက်မှစကားပြောဆိုတဲ့ လူစားမျိုးဆိုတော့ သူ့ရဲ့ ပြင်းထန်နေတဲ့စိတ်တွေကို ဘယ်လိုထိန်းလို့ရနိုင်မလဲဆိုတာကို ကျနော် တွေးနေမိတယ်။

"ဒဲရက်?"

"ဘာလဲ?" သူက ထအော်တယ်။ ကျနော့်ကိုတော့ မကြည့်သေးဘူး။

"ငါ့ကို ကြည့်"

သူ မလှုပ်ဘူး။

ကျနော်ခုံနောက်ကို မှီလိုက်တယ်။
"ဒဲရက်ရယ်...."

"ဒီကောင် ငါတို့ကို အရူးလုပ်ခဲ့တာ" သူက ရုတ်ထရပ်ထပြောတယ်။
"ဆောက်ကွာ၊ ချာလီမှ လာဖြစ်ရတယ်လို့။ ငါတို့ ကျောင်ူက ထွက်မလာခင်က ရှယ်လီ့အကြောင်းကို လာမေးကတည်းက သိခဲ့ရမှာ"

"အဲ့တော့ မင်း ရှယ်လီ့ကို ယုံ‌တယ်ပေါ့။ ချာလီက ကလေးအဖေဆိုတာကို ယုံတယ်ပေါ့"

သံသယမဖြစ်ဘူးလို့ ပြောရင် ကျနော်လိမ်ရာကျမယ်။ ရှယ်လီကျနော်နဲ့တုန်းကလိုပဲ ချာလီက ကလေးအဖေပါလို့ အလွယ်လေး ပြောလိုက်တာလဲ ဖြစ်နိုင်တာပဲ။ ဒါပေမယ့် ကျနော် သူမမျက်လုံးတွေထဲ ကြည့်လိုက်ချိန်မှာ နာကျင်ခံစားရမှုတွေကို အစစ်အမှန်ပဲတွေ့လိုက်ရတယ်။

အပြာရောင် အရေးအသားများ (18+)Nơi câu chuyện tồn tại. Hãy khám phá bây giờ