💋 အထက်တန်းကျောင်းက အတင်းအဖျင်း (၁၁) 💋

3.5K 62 5
                                    

ဒဲရက် P.O.V

"ချွတ်"
အေနီက ကျနော့် ပုခုံးကို လက်နဲ့လာပုတ်တယ်။
"ဟဲ့ နင် အီဗန်ကို ဘာလုပ်ထားပြန်တာလဲ။"

"ငါက တစ်ခုခုလုပ်ထားတယ်လို့ နင်က ဘာလို့ထင်ရတာလဲ။"

"ကဲ... ဒီရောက်ကတည်းက သူနင့်ကို မခေါ်မပြောပဲနေနေတာ ငါတို့အားလုံး သတိထားမိတယ်။ နောက်အဲ့တာထက် နင်ပဲ သူ့ကို အမြဲတမ်း စိတ်ဆိုးအောင် လုပ်နေကြလေ။"

ကျနော် မျက်မှောင်ကြုတ်လိုက်တယ်။
"ငါ ဘာမှ မလုပ်ထားဘူး။ သူ့ဟာသူ ရာသီလာနေလို့ဖြစ်မှာပေါ့။"

"ဒဲရက်" အေနီက ကြိတ်အော်ပြီးတော့ လက်ကို ရိုက်တယ်။
"တကယ်ပဲ နင် သူ့ကို ဘာလုပ်ထားသေးလို့လဲ။"

မေးခွန်းကောင်းတစ်ခုပဲ။ ကျနော်ဆိုလိုတာက မနေ့ညက ကျနော့်အိမ်ကနေ စိတ်ကောက်ပြီးထွက်သွားတာ။ ခုထိလဲ စိတ်ဆိုးနေတုန်းပဲဆိုတော့။ ပြောရရင် ကျနော့်ကို မတည်ရှိနေသလို ဟန်ဆောင်ပြီးနေနေတာတော့ အတော်ပီပြင်တယ်လို့ပြောရမှာပဲ။ ကျနော် ဘာလုပ်မိလို့လဲ။ ကျနော် ပြန်စဉ်းစားကြည့်ပြီးတော့ ကြောင်‌အနေတယ်။ အပြာမဂ္ဂဇင်းတွေကြောင့်များလား။ အဲ့တာက အရမ်းတော့ ဉာဏ်ကောင်းတဲ့ အကွက်မဟုတ်ဘူး။ ဒါပေမယ့် ကြိုးစားကြည့်တာတော့ အပြစ်ပြောလို့ရမလား။

"ကြည့်စမ်း အဲ့ကောင်မလေးတွေအကုန်လုံး သူ့ကို အထာပေးနေကြတယ်။ တွေ့လား။ နင် အနေအထိုင် မတက်ရင် ပါသွားမှာ။" အေနီက ပြောတယ်။

"ဖီ့ဖီ့ ဘာဖြစ်ဖြစ်" ကျနော် လက်ပိုက်ပြီး အီဗန်ဘက်ကို ကြည့်လိုက်တယ်။ သူ့နားမှာ တစ်ဆက်တည်းရေကူးဝတ်စုံသာဝတ်ထားတဲ့ နယ်ခံကောင်မလေး သုံးယောက် ဝိုင်းနေတယ်။ အကုန်လုံးက ပြုံးပြုံးပျော်ပျော်နဲ့ စကားပြောနေကြပြီးတော့ သူ့အသားကိုလဲ အခွင့်အခါကြုံတိုင်း မတော်တဆလိုလိုနဲ့ ထိနေကြတယ်။ အင်္ကျီမပါပဲ ခန္ဓာကိုယ်လှလို့သာ ဝိုင်းနေကြတာ။ သူဂေးနေတယ်ဆိုတာလဲ သိမှာမဟုတ်ဘူး။

ကျနော့်နောက်ကိုလဲ အစောက ကောင်မလေးတွေ လိုက်နေကြသေးတယ်။ ဒါပေမယ့် သိပ်မကြာဘူး လူကွဲထွက်သွားကြပြီးတော့ ခုံတန်းပေါ်မှာ တိတ်တဆိတ် ငြိမ်းငြိမ်းချမ်းချမ်းနေခွင့်‌ပြုလိုက်ကြတာ။ တစ်ခုဆို ကျနော့်ရဲ့ စိတ်တိုတက်တာကို ကြောက်ပြီးပြေးသွားကြတာလို့ အေနီကတော့ပြောတယ်။ ဖီ့ ဖီ့

အပြာရောင် အရေးအသားများ (18+)Where stories live. Discover now