အီဗန့် POV
"မင်း ဘာရယ်!!!"
ကျနော် လန့်သွားတယ်။ သူ့ကို ပြောလိုက်ရင် အဲ့လို တုန့်ပြန်မယ်ဆိုတာ ကျနော် ကြိုတွေးထားပြီးသား။ ကျနော် ဒဲရက်ကို မပြောပဲထားလိုက်ပြီး ကျန်တဲ့သူတွေလိုပဲ ကျနော်က ရှယ်လီ့ကလေးရဲ့ အဖေ တကယ်ပါဆိုတာကို ယုံအောင်လုပ်လို့ရပေမယ့်...ကျနော် မလုပ်နိုင်ဘူး။ လူတိုင်းကို လိမ်ရတာကိုက ဆိုးလှပြီ။ ဒဲရက်ကိုပါလိမ်ရဖို့လား? အလိမ်အညာတစ်ခုကြောင့် သူကျနော့်ကို မုန်းသွားနိုင်တယ်ဆိုတဲ့အတွေးကို ကျနော် လန့်မိတယ်။
သူ့ကို ဒီကိစ္စ အမှန်ကိုပဲ ပြောလိုက်တာက ပိုကောင်းတယ်။ မဟုတ်ရင် သူ့ကို အစဦးကတည်းက လိမ်ညာခဲ့တယ်လို့ ထင်နေလိမ့်မယ်။ အခုနေလဲ စိတ်တအားဆိုးနေတယ်ဆိုတာကို သံသယဖြစ်စရာမရှိ။
ကျောင်းကို ရှယ်လီနဲ့ ကားပြန်မောင်းလာချိန်မှာပဲ ဒဲရက်က ပေါက်ချလာပြီး ဘယ်တွေသွားနေတာလဲ ရှယ်လီနဲ့ ဘာတွေ ပြောနေလို့လဲဆိုပြီး စစ်ကြောရေးလုပ်တော့တာပဲ။ မေးခွန်းတွေကို စုံစိနေအောင်မေးတယ်။ ကျနော်က ဖြေဖို့ ငြင်းဆိုတော့ သူက ပိုပြီး စိတ်ပျက်သွားတယ်။ လူတွေ အများကြီးရှေ့မပြောချင်ဘူး။ အိမ်ပြန်ရောက်မှ ပြောပြမယ်ဆိုပြီး ငြင်းလိုက်တာပဲ။ အဲ့တာကို ဖြစ်ပျက်နေတာ။ ဝက်ဝံကြီးလိုပဲ တစ်နေကုန် ကျနော့်ကို စိုက်ကြည့်နေတော့တယ်။
ကျနော့် အိပ်ခန်းလုံ့လုံ့ခြုံခြုံကို ရောက်ခါမှ ကျနော် ရှယ်လီနဲ့ ပြောခဲ့ သဘောတူခဲ့တာကို ပြန်ပြောပြလိုက်တော့ ထင်ထားတဲ့အတိုင်းပဲ ဒဲရက်က ဘယ်လိုမှ မကျေနပ်နိုင်ဘူး။ ကျနော် သက်ပြင်းချတယ်။ ဘာလို့ အရာရာတိုင်းက ခက်ခဲနေရတာလဲ။ ဒဲရက်နဲ့ ကျနော် နောက်ဆုံး တစ်ယောက်နဲ့တစ်ယောက် ပိုပြီး နီးကပ်လာခဲ့ပြီးခါမှပဲ။
"ဟင့်အင်း"
"ဒဲရက်"
သူက ခေါင်းကိုခါတယ်။ ကျနော်ထိုင်နေတဲ့ ခုတင်စွန်းနားကို ကပ်တယ်။
"လုံးဝပဲ"
"ငါ သူ့ကို မစွန့်ပစ်နိုင်ဘူး"
YOU ARE READING
အပြာရောင် အရေးအသားများ (18+)
Short Storyလိင်တူ လိင်ဆက်ဆံတဲ့အခန်းများပါသည့်အရေးအသားများ + အရွယ်ရောက်ပြီးသူများသာဖတ်ရန်