အီဗန် POV
ကျနော့်မှာလဲ ငရဲခန်းက ရလာတဲ့ အညိုအမဲစွဲနေတာတွေနဲ့။
ကျောင်းယောင်္ကျားလေးအိမ်သာမှန်ထဲက ကိုယ်ရုပ်ကိုယ်ကြည့်ပြီး သက်ပြင်းချမိတယ်။ အမေမမြင်အောင်လို့ အစောကြီးအိမ်ကထွက်လာတော့ အတန်းချိန်မတိုင်မီ တစ်နာရီလောက်မှာရောက်တယ်။ ရစ်ချီချီးမြှင့်ထားတဲ့ ပါးရိုးပေါ်က ခရမ်းရောင်အညိုအမဲတစ်ခုကို စမ်းသပ်ကြည့်တယ်။ မျက်နှာပေါ်မှာ အဲ့တစ်ခုထဲရှိတာတော့မဟုတ်ဘူး။ ညာဘက် မျက်လုံးထောင့်မှာတစ်ခုရယ်၊ ဘယ်ဘက်နှုတ်ခမ်းထောင့်က ကွဲရာတစ်ခုရယ်။ ဒါပေမယ့် ပါးရိုးပေါ်ကဟာကတော့ အသိသာဆုံးနဲ့ အထင်ရှားဆုံးပဲ။
ဆံပင်တွေထဲ လက်နဲ့ သပ်လိုက်မိတော့ ခေါင်းနည်းနည်းမူးသွားတယ်။ ခေါင်းကိုက်တာက တဖြေးဖြေး ပိုဆိုးလာတယ်။ ညကတည်းက မတွေ့ရတော့ပေမယ့် ပေါလဲ ကျနော့်လိုပဲ မထူးဘူးဆိုတာကို သိတယ်။ တကယ်တော့ သူကတောင် ပိုလို့ အညိုအမဲဆွဲနေအုန်းမှာ။
သူ့ကို အိမ်ထဲက ဆွဲထုတ်လာပြီးနောက် အိမ်တစ်ခုလုံးက ရန်ပွဲတွေနဲ့ ဗြောင်းဆန်ကျန်ခဲ့တယ်။ ကျနော်တို့လဲ ရှယ်လီ့ကို ဆေးရုံပို့သွားခဲ့တယ်။ ကံကောင်းထောက်မစွာနဲ့ ကလေးကတော့ ဘာမှမဖြစ်ဘူးလို့ ဆရာဝန်ကပြောတယ်။ ဒါပေမယ့်စိတ်ချရအောင်တော့ တစ်ညတော့ ဆေးရုံမှာပဲ စောင့်ကြည့်ဖို့ထားခဲ့ရတယ်။ သူအစားအသောက်ပုံမှန်မစားလို့ဖြစ်တာလို့ ဆရာဝန်က ပြောတယ်။ ကျနော့်အတွက်တော့ သိပ်အထူးအဆန်းမဟုတ်ဘူး။ ရှယ်လီက ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တဲ့သူမျိုးမှ မဟုတ်တာပဲ။
ကျနော် ရေချိုးခန်းကနေ ထွက်လိုက်တယ်။ အမြင်တွေ စက္ကန့်ပိုင်းလောက် ဝေသွားတာမို့ မျက်မှောင်တစ်ချက်ကုတ်လိုက်တယ်။ အာရုံစူးစိုက်မှုပြန်ရအောင် ခေါင်းကို လှုပ်ခါပြီး မျက်တောင်ကို အကြိမ်များစွာပုတ်ခတ်လိုက်တယ်။ ဒါပေမယ့် အီလည်လည်ကြီးဖြစ်နေသေးတယ်။ မျက်လုံးတွေကို နွမ်းနယ်စွာပွတ်လိုက်ပြီး သက်ပြင်းကို ချတယ်။ ဘုရားရေ ကျနော် အရမ်းပင်ပန်းတယ်။ ရှယ်လီတစ်ယောက်တည်း တစ်ခုခုကနေ ဝေဒနာခံစားနေရတာ မဟုတ်တဲ့ပုံပဲ။ ကောင်းကောင်းမွန်မွန် အိပ်ပျော်ခဲ့ရတာ ဘယ်တုန်းကနောက်ဆုံးလဲ မသိတော့။ ညက မဟုတ်တာတော့ သေချာတယ်။ နှစ်နာရီလောက်ပဲ အိပ်ခဲ့ရတာ။
YOU ARE READING
အပြာရောင် အရေးအသားများ (18+)
Short Storyလိင်တူ လိင်ဆက်ဆံတဲ့အခန်းများပါသည့်အရေးအသားများ + အရွယ်ရောက်ပြီးသူများသာဖတ်ရန်