အီဗန် POV
ကျနော် အပန်းဖြေအိမ်ထဲကနေ ထွက်လာခဲ့လိုက်တယ်။ တစ်ခါလှမ်းရင် ခြေနှစ်လှမ်းစာနှုန်းနဲ့။
ကျနော် ကိုယ့်ကိုယ်ကိုယ် ကျိန်ဆဲလိုက်တယ်။ ကျနော် ဘာလုပ်မိပါလိမ့်။ ကျနော် ဘာလို့များ အထိန်းလွတ်သွားပြီး အဲ့လောက်ထိ ဖြစ်သွားမိတာလဲ။ ပြီးတော့ အကုန်လုံးရဲ့ ရှေ့တည့်တည့်မှာ။ ဒဲရက် ကျနော့်ကို ဘယ်လိုမှ ခွင့်လွှတ်မှာမဟုတ်ဘူး။ သူ သိသွားပြီ။...အခု သူ့အပေါ်ထားတဲ့ ကျနော့်ရဲ့ ခံစားချက်တွေကို သူ သတိထားမိလောက်ရောပေါ့။ သူ ကျနော့်ကို ရွံပြီး မုန်းသွားပြီလား။
ကျနော် ရေကန်ဖက်ကို လမ်းလျှောက်သွားလိုက်တယ်။ ခပ်မှိန်မှိန်မီးလုံးနဲ့ လရောင်ပဲ ကျနော့်ကို လမ်းပြဖို့ရှိတယ်။ ရေအဆက်နားကိုရောက်တော့ ရပ်လိုက်တယ်။ ကျနော် ရေတွေကို ကြည့်လိုက်တယ်။ မငြိမ်သက်တဲ့ခံစားချက်တွေက ရင်ရဲ့အတွင်းထဲထိဝင်ရောက်တယ်။ ဒဲရက်မျက်နှာပေါ်က မျက်နှာ၊ သူ....ကျနော်တို့ ဘာလုပ်မိကြသလဲဆိုတာကို သတိထားမိသွားတဲ့အချိန်မှာ ဖြစ်သွားတဲ့မျက်နှာက ကျနော့်စိတ်ထဲ လောင်ကျွမ်းသွားတယ်။ ကျနော့်ရဲ့စိတ်ထဲမှာ အမြဲတမ်းမှတ်မိနေတော့မယ့် မှတ်ဉာဏ်တစ်ခုအဖြစ်နဲ့ ကျန်ရစ်နေတော့မှာပဲ။
ကျနော် မျက်လုံးတွေကို မှိတ်လိုက်ပေမယ့် နှလုံးကတော့ ရင်ဘက်ထဲက ထွက်ကျတော့မလို ခုန်နေဆဲပဲ။ ကျနော့်ရဲ့လက်တွေက သူ့ကို ထိခဲ့တဲ့အတွေးနဲ့ တုန်နေဆဲပဲ။ သူ့ရဲ့ အထိအတွေ့ ကျနော် လိုချင်ခဲ့ပေမယ့် တခါမှ မရခဲ့ဖူးတဲ့ နီးစပ်မှုတစ်ခု။
ကျနော် မျက်လုံးတွေကို ဖွင့်ပြီးတော့ လက်တွေကို ကြည်ြတယ်။ လက်သီးဆုတ်လိုက်တယ်။ ဟုတ်တယ်....ကျနော်တောင်းတခဲ့တယ်။ ရလဲ ရမလိုဖြစ်ခဲ့ပေမယ့် ဘာတွေ ပေးဆပ်လိုက်ရလဲ။ အခုဆို ဒဲရက်လဲ စိတ်အေးသွားတာနဲ့ ကျနော့်ကို မုန်းသွားတော့မှာ။ သူ့မျက်နှာက မနှစ်မြို့တဲ့အကြည့်တွေနဲ့ဖြစ်တော့မှာ။ ကျနော်ကြောက်တဲ့ သူ့ရဲ့အမုန်းမျက်လုံးတွေ တကယ်ပဲ ဖြစ်လာတော့မှာပဲ။
ကျနော့်ရဲ့ လက်က တုန်လာတယ်။ ကျနော့်ရဲ့ ခန္ဓာကိုယ်က ညရဲ့အအေးဓာတ်ကြောင့်မဟုတ်ပဲ ဒဲရက်မုန်းသွားမှာဆိုတဲ့အတွေးနဲ့ တုန်ရီနေတယ်။ အရမ်းချစ်တဲ့သူရဲ့ မကြည်ဖြူတာခံရတာလောက် ပိုပြီးကံဆိုးတာမျိုး ဘာရှိအုန်းမှာလဲ။
YOU ARE READING
အပြာရောင် အရေးအသားများ (18+)
Short Storyလိင်တူ လိင်ဆက်ဆံတဲ့အခန်းများပါသည့်အရေးအသားများ + အရွယ်ရောက်ပြီးသူများသာဖတ်ရန်