🌶️ အထက်တန်းက အတင်းအဖျင်း(၁၆) 🌶️

3.9K 61 10
                                    

(T/N-🌕🥵🌡️🌶️🤭👨‍❤️‍💋‍👨🩲🍆👌💦)

ဒဲရက်ရဲ့ POV
.
.
.

ငါ ဘာတွေလုပ်နေတာလဲ။

အီဗန်က ကျနော့်ကို ခုတင်ပေါ်ဆွဲခေါ်တဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် အဲ့တာကိုပဲ ဆက်ပြီးမေးနေခဲ့တယ်။ အီ‌ဗန်။ ကိုယ့်ရဲ့အကောင်းဆုံးဘော်ဒါ။ အီဗန်...ယောင်္ကျားလေးတစ်ယောက်။ အီဗန်လေ။ အီဗန်။ ကျနော်ဘာတွေလုပ်နေတယ်လို့ စဉ်းစားနေတာလဲ။ ကျနော် သူ့ကို ဘာလို့ နမ်းနေတာလဲ။ ဘာလို့လဲ။ အဲ့တာကို အဖြေရှာဖို့ လိုတယ်။

အီဗန်က ရပ်ပြီးတော့ ကျနော့်ကို စိုက်ကြည့်တယ်။ ကျနော်ကလဲ သူ့ကို ပြန်စိုက်ကြည့်တယ်။ သူ့မျက်စံက ဒီ‌လောက်ထိ စိမ်းနေတယ်ဆိုတာကို ကျနော် အရင်က သတိမထားမိခဲ့ဘူး။ ထူထပ်တဲ့‌အရိပ်တွေနဲ့ မှိန်ဖြတဲ့ အလင်းရောင်လေးမှာတောင် သူ့ရဲ့ မျက်လုံးတွေက တောက်ပနိုင်လိုက်တာ။ ဒုက္ခပဲ။ ငါ ဘာလို့ အခုမှ အဲ့တာတွေအားလုံးကို သတိထားမိတာလဲ။ သူပြောတော့ ဟိုမိုဖြစ်တာက မကူးစက်တက်ဘူးဆို။ ဘာလို့ ငါ အခုလို ခံစားနေနိုင်ရတာလဲ။ သူက ယောင်္ကျားလေးတစ်ယောက်ဆိုပေမယ့်....ငါ ဘာလို့ သူ့ကို အရမ်းလှတယ်လို့ ထင်နေရတာလဲ။

"မင်း စိတ်ပြောင်းသွားပြီ" သူ့ရဲ့နူးညံ့တဲ့အသံက ကျနော့်ရဲ့အတွေးတွေကနေ ထွက်လာစေခဲ့တယ်။
"မင်းပြောင်းလိမ့်မယ်ဆိုတာ ငါသိတယ်....အဲ့တာ အကောင်းဆုံးပါပဲကွာ။"

"ဟင့်အင်း" ကျနော် သူ့လက်ကောက်ဝတ်ကို ကိုင်ဆွဲလိုက်တယ်။
"ငါ စိတ် မပြောင်းဘူး"

"မင်း ပြောင်းသင့်တယ်။"

ကျနော် ခေါင်းခါတယ်။
"ငါ ပြောင်းမှာ မဟုတ်ဘူး"

"မင်းက ခေါင်းမာတယ်"

"မင်း အခုလောက်ဆို သိသင့်ပြီ"

ကျနော့်မျက်လုံးတွေ သူ့မျက်နှာကို ရှာလိုက်တယ်။ ဘာလို့သူ အရမ်းငြိမ်နေနိုင်တာလဲ။ သူ့ရဲ့ အဲ့ဒီ့ကျောက်ခဲမျက်နှာကနေ ဘာကိုမှ မပြောနိုင်ဘူး။ သူ ဘာတွေ စဉ်းစားနေတာလဲ။ ဟာကွာ။ သူ ဘာလို့ ငါ့ကို ပေးမဝင်တာလဲ။

အပြာရောင် အရေးအသားများ (18+)Where stories live. Discover now