အထက်တန်းကျောင်းက အတင်းအဖျင်း (၁၈)

1.1K 39 1
                                    

ဒဲရက် POV

"ဒဲရက်" အီဗန်က သက်ပြင်းချတယ်။
"မင်း တိုးတိုးတိုးတိုး ‌လုပ်မနေနဲ့။ ငါ ကြားနေရသေးတယ်"

ကျနော် သူ့ကို မျက်စောင်းထိုးလိုက်တယ်။

သူက သက်ပြင်းထပ်ချတယ်။
"ငါ သူ့ကို နမ်းတာမဟုတ်ဘူးလို့ မင်းကို ပြောပြီးပြီလေ။ ပြီးတော့ အဲ့တာက အနမ်းတစ်ခုသက်သက်ပဲ။ ဂျီယိုဘန်းနိက လျှောက်ကစားနေတာ"

ကျနော် မျက်နှာကို ရှုံ့မဲ့ထားလိုက်တယ်။

အီဗန်က ခေါင်းခါတယ်။ ကျနော်တို့ ရေကန်အိမ်ကို ပြန်နေကြတာတုန်းမှာပဲ အီဗန်က ကျနော့်လက်ကို လိုက်ဆွဲနေတယ်။ သူ့ဟာသူ ခေါင်းခါချင်သလောက်ခါ ကျနော်ကတော့ စိတ်ပေါက်နေတုန်းပဲ။ ကျနော် ဆိုလိုတာက သူ ဘာလိုတွေ စဉ်းစားလို့ တခြားကောင် တစ်ကောင်က နမ်းတာကို ခံရတာလဲ။ နောက်တာဖြစ်ဖြစ် ဘာဖြစ်ဖြစ်။ သူ ပိုပြီး ဂရုစိုက်ဖို့လိုတယ် ဂရက်တို့ ဂျီယိုဘန်းနိတို့လို ငကြောင်တွေနဲ့ ပေါင်းတာ သင်းတာ ဘာညာမှာ။ တကယ့်ကို စိတ်အနှောက်အယှက်တွေ။

"တကယ်ကို သာယာတဲ့ မနက်ခင်းပဲ" အီဗန် ပြုံးပြီး ပြောတယ်။
"အိမ်ကို ပြန်ရတော့မှာက ဆိုးတာပဲ"

မှန်တယ်။ နက်ဖြန် ကျောင်းပြန်သွားရတော့မယ်။ ကောင်းပ။

"ငါတော့ ရေကန်ကို သဘောကျတယ်။" သူက ဆက်ပြောတယ်။ "အထူးသဖြင့် မနက်ခင်းတွေမှာပေါ့။ တကယ်ကို ငြိမ်းချမ်းတယ်။"

ကျနော် နှာခေါင်း ရှုံ့လိုက်တယ်။ ဟုတ်တယ်။ ဘာပဲ ဖြစ်ဖြစ်ပေါ့။

အီ‌ဗန်က လမ်းလျှောက်တာကို ရပ်ပြီး ကျနော့်ဘက်ကို လှည့်တယ်။
"မင်း ဒီလိုပဲ တစ်နေကုန် ဆူပုတ်နေတော့မှာလား"

"ငါ ဆူပုတ်မနေပါဘူး"

"ဟုတ်တယ်။ မင်းက ဆူပုတ်နေတာ"

"fuck you အီဗန်"

သူက သူ့နုဖူးကို ပွတ်တယ်။
"ဟုတ်တယ် မင်းက ဆူပုတ်နေတာပဲ။ မင်း အဲ့လိုဖြစ်တိုင်း မင်းရဲ့စကားတွေက ယိုယွင်းလာတယ်။"

ယိုယွင်းလာတယ်? ကျနော် မျက်လုံးတွေကို လှိမ့်လိုက်တယ်။ အီဗန်နဲ့ သူ့ရဲ့ ကြီးကြီးကျယ်ကျယ် စကားလုံးတွေပေါ့။ အဲ့တာဆိုလဲ ပြီးရင် ဂရက်နဲ့ သွားတွေ့ပြီး တစ်ယောက်ကို တစ်ယောက် နမ်းကြပါလား။ ပြီးရင် ကြီးကြီးကျယ်ကျယ်စကားလုံးတွေနဲ့ အတွေ့အကြုံကို ပြောပေါ့။

အပြာရောင် အရေးအသားများ (18+)Donde viven las historias. Descúbrelo ahora