အထက်တန်းကျောင်းက အတင်းအဖျင်း (၃၁)

381 5 7
                                    

အီန့် P.O.V

"ငါ သူ့ကို အဲ့ထက် ပိုလုပ်ခဲ့သင့်တာ"

ကျနော် ကွန်ပြူတာကနေ အကြည့်လွှဲပြီး အခန်းထဲ ဝင်လာတဲ့ ဒဲရက်ကို ကြည့်တယ်။ သူက အခုမှ ရေချိုးခန်းထဲက ထွက်လာတာမို့ ခန္ဓာကိုယ် ဗလာကျင်းနဲ့ ခေါင်းပေါ်က ရေစက်တွေက ကြမ်းခင်းပေါ်ကို တစ်စက်ချင်း ကျနေတယ်။ ခေါင်းမှာသုတ်နေတဲ့ ပဝါက သူ့ရဲ့ ဘောက်ဆာနဲ့ ဆင်တူဒီဇိုင်းဖြစ်နေလို့ ကျနော် ပြုံးလိုက်မိတယ်။

"'သူ'ဆိုတာ မင်း ချာလီကို ပြောချင်တာလို့ ငါထင်တယ်"
ကျနော် ရယ်ချင်လျက် တစ်ဝက်နဲ့ ပြောလိုက်တယ်။ ကျနော် အခု သူ့ကို ကြည့်လိုက်မိတော့လဲ သူ့ ခန္ဓာကိုယ်ကိုက‌နေ အကြည့်မလွှဲနိုင်တော့။

"ဟုတ်ပ"
ဒဲရက်က ကျနော့်ရဲ့ ခုတင်စွန်းမှာ ထိုင်ချတယ်။
"ချာလီ့ကို ပြောတာ"

ချာလီ့အိမ်ကနေ ထွက်လာခဲ့တာ နှစ်နာရီလောက်ရှိပြီမို့ အပြင်မှာ မှောင်နေခဲ့ပြီ။ ကျနော်တို့ လေးယောက် သူ့ဆီကနေ ထွက်လာပြီး ချက်ချင်း အိမ်ပြန်မလာပဲ မက်ဒေါ်နယ်မှာ တစ်ခုခုဝင်စားကြရင်း နောက်တစ်ဆင့် ဘာလုပ်မယ်ဆိုတာကို တိုင်ပင်ဆွေးနွေးခန်းဖွင့်လာကြသေးတယ်။

တစ်နာရီလောက် ခေါင်းချင်းဆိုင် အပူတပြင်းဆွေး‌နွေးခဲ့ပြီးနောက်မှာ ရှယ်လီ့အဖေကို ကျနော်တို့ လေးယောက်လုံးတူတူသွားပြီး ရင်ဆိုင်ဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်။ ရှယ်လီကတော့ ထိတ်လန့်နေပြီး သူမရဲ့ အကြောက်တရားက သိသာထင်ရှားနေတယ်။ ဒါပေမယ့် ကျနော်တို့ကတော့ သိပ်မကြောက်ပါဘူး။ ရှယ်လီ့အဖေကို တစ်ယောက်ယောက် ဖြစ်ကြောင်းကုန်စင်ပြောပြဖို့လိုအပ်ပြီး သူမမှာလဲ ကျနော်တို့ပဲ ရှိတာမို့ လန့်နေဖို့ မလိုအပ်ဘူးလေ။

သုံးယောက် တစ်ယောက်မို့ ရှယ်လီက လက်ခံလိုက်ရပေမယ့် မနက်ဖြန်မှ သွားတွေ့ပါရစေလို့ တောင်းဆိုတယ်။ တစ်ကြိမ်ထဲမှာ အဲ့လောက် ဖိအားကို မခံစားနိုင်တာကြောင့်ဖြစ်မယ်။ ကျနော်နဲ့ ပေါက သဘောတူတာကြောင့် ဒဲရက်ကိုလဲ ပါးစပ်ပိတ်ခိုင်းထားပြီး လက်ခံအောင်လုပ်လိုက်တယ်။‌ နောက်တစ်ရက် စောင့်တာက ဘာမှ မထိခိုက်လောက်ဘူးလေ။ ကြိုပြင်ဆင်ချိန်တောင် ပိုရသေးတယ်။ သူမ့အဖေရဲ့ ကြမ်းတမ်းမှုကြောင့် ဘယ်သူ ဘာဖြစ်မလဲဆိုတာ ဘယ်သူမှမသိနိုင်ဘူး။

အပြာရောင် အရေးအသားများ (18+)Where stories live. Discover now