နှစ်ယောက်တစ်ကမ္ဘာ ၁

8K 58 9
                                    

(A/N-boyxboy, thriller)
ဒီဇာတ်လမ်းမစခင် ပထမဆုံးအနေနဲ့ ဝင်ခံချင်တာကတော့ ဒီဇာတ်လမ်းက ကျနော့် ပင်ကိုရေးမဟုတ်ပါဘူး။ ဒီ wattpadက စာရေးဆရာတစ်ယောက်ရဲ့ ဇာတ်လမ်းကို ဘာသာပြန်ထားတာပါ။ ဘာလို့ဆို့ ကြိုက်လို့ပါ။ ဘယ်လောက်ကြိုက်လဲဆို ဒီထဲက ဇာတ်လမ်းကို ကျနော် အိမ်မက်တောင်မက်လောက်အောင် ကြိုက်တာပါ။ ဇာတ်လမ်းကတော့ သည်းထိပ်ရင်ဖိုလိုအမျိုးအစားပါ။
sexအခန်းပါပြီး စိတ်ရှုပ်ထွေးစရာကောင်းတဲ့အခန်းတွေပါတာမို့ reader discretionကို advisedပါနော်။ XD)

---------------###---------------------

အဒမ် နဲ့ စတိဗ် မှာဆို အဒမ်က အရင် နိုးနေကြ။ စတိဗ်က အိပ်ပုတ်ကြီးတယ်။ ဒါပေမယ့် ဒီနေ့တော့ ထူးထူးခြားခြားပဲ စတိဗ်က အရင်နိုးလာတယ်။ တောက်ပပေမယ့် ပူနွေးတဲ့ နေရောင်တွေက သူ့အိပ်ခန်း ပြတင်းပေါက်‌ကနေ ဝင်လာပြီး သူ့ကို နှိုးလိုက်တာကြောင့်ဖြစ်မယ်။ ‌စူးရှတဲ့‌နေရောင်တွေကြောင့် သူ မျက်လုံးတွေကို အားနဲ့ပိတ်ပြီး လက်နဲ့ကာလိုက်တယ်။

အဒမ် က အခန်းရဲ့ တစ်ဖက်က လေထိုးထိုင်ခုံပေါ်မှာ အိပ်နေတယ်။ လက်တစ်ဖက်က တီဗွီလက်မုကို‌ကိုင်ထားတယ် နောက်လက်တစ်ဖက်က ဘောင်းဘီထဲမှာ။ ရွံ့ဖို့ကောင်းတဲ့ကောင်။

ပြေးမရ ပြုမရနေရောင်ကြောင့် နောက်ဆုံးတော့ စတိဗိ ထထိုင်တယ်။ ဘာလို့ ပြတင်းပေါက်က ပွင့်နေလဲမသိ။ ဒီပြတင်းပေါက်က အမြဲတမ်းလိုလို ပိတ်ထားနေကြ။ အဒမ် ဖွင့်ပြီး ပြန်မပိတ်တာ ဖြစ်မယ်။

စတိဗ် အိပ်ယာက ထလာပြီးတော့ မျက်လုံးတွေကို လက်နဲ့ပွတ်တယ်။ ပြီးတော့ အာရုံကို စူးစိုက်လိုက်တယ်။ နေရဲ့ အလင်းရောင်က အပြာရောင် ဖျော့ဖျော့ ဖြစ်နေတာကို သတိထားလိုက်မိတယ်။ နေရှေ့မှာ အပြာရောင်ဖလင်ပြားတစ်ခုခုကို ကာထားသလိုမျိုး။

"ဘာလဲကွာ" စတိဗ်က ထပြောမိတယ်။

"ဘာတွေ ‌ထအော်နေတာလဲကွာ" မမျှော်လင့်ထားတဲ့ အသံတစ်ခု အိပ်ချင်မူးတူး အဒမ်ဆီကနေ ထွက်လာတယ်။

"‌ငါ မင်းကို အော်တာမဟုတ်ဘူး သူတောင်းစားရဲ့။" စတိဗ်က ခေါင်းအုံးတစ်လုံးနဲ့ လှမ်းပစ်ရင်း ပြန်ပြောလိုက်တယ်။ "တစ်လုံးထဲ တိုးတိုးပြောရသေးတယ်"

အပြာရောင် အရေးအသားများ (18+)Opowieści tętniące życiem. Odkryj je teraz