အထက်တန်းကျောင်းက အတင်းအဖျင်း (၅)

2.5K 66 8
                                    

အီဗန် POV

သူက မျက်နှာကြီး မဲနေတယ်။

ကျနော် သူ့အခန်းထဲကို ဝင်လိုက်တယ်။ TVမျက်နှာပြင်ရှေ့က သူ့ပုံစံကို မြင်တော့ ကျနော် အဝမှာ ခန ရပ်သွားမိတယ်။ သူက ကော်ဇော်ပေါ်မှထိုင်နေတယ်။ တမင်‌ခွေ‌ထိုင်နေပြီး လက်ထဲမှာ ဂိမ်းရီမုနဲ့။ ကျနော် အခန်းထဲဝင်လာကတည်းက သူသိပေမယ့် သူရဲ့အကြောမာတဲ့ ကျောကြီးကိုပဲပေးထားပြီးတော့ မျက်လုံးတွေကို tvမျက်နှာပြင်ပေါ်မှာပဲထားထားတယ်။

ကျနော် သူ့အခန်းထဲကို လမ်းလျှောက်သွားပြီးတော့ ကုတင်ရဲ့ အစွန်မှာ ထိုင်လိုက်တယ်။ ကျနော် သူ့ကို တိတ်တိတ်လေး ကြည့်နေပြီးတော့ သူ့ရဲ့ပုံရိပ်ကို ခွေးနားရွက်နဲ့ ခွေးမြီးတပ်ပြီး ဖော်လိုက်တယ်။ သူ့နားရွက်က ကုပ်ပြီး အမြီးကို ခါးမှာပတ်လို့ မြင်ယောင်လိုက်မိတယ်။ သူဖြစ်နေတဲ့ပုံစံကို ရယ်ချင်မိတယ်။ ကျနော် သူ့ကို စိတ်မကောင်းအောင် လုပ်မိလိုက်တယ်။ တကယ်တော့ ဒဲရက်ပ်က လူကြမ်း‌သလောက် စိတ်က နုတယ်။

"ဟေး"
သူက မျက်နှာပြင်ကိုပဲ ဆက်ကြည့်နေပြီး ‌ကျနော်ခေါ်တာကို မကြားသလိုလုပ်တယ်။

ကျနော် နောက်တစ်ခါ ကြိုးစားလိုက်တယ်။
"ဘာတွေ ကစားနေတာလဲ"

"ဘာမှ မကစားဘူး"
သူ ခနငယ်လောက် တိတ်နေပြီးမှ ပြန်ဖြေလာတယ်။

ကျနော် သက်ပြင်းချတယ်။ မတ်တပ်ရပ်တယ်။ ပြီးတော့ သူ့ဘေးမှာထိုင် ပုခုံးချင်းကပ်လိုက်တယ်။ ဒဲရက်ပ်ကတော့ တုပ်တုပ်မလှုပ်ဘူး။ သူ့မျက်လုံးတွေက ခေါင်းမာစွာပဲ tvမျက်နှာပြင်ပေါ်မှာ ရှိနေတုန်းပဲ။ လက်ကလည်း ရီမုပေါ် ဂျောက်ဂျောက်မြည်အောင် နှိပ်လို့။

"တကယ်လား။ မင်း ဘာမှ မကစားဘူးလား။ မင်းလက်ထဲကဟာက ရီမုမဟုတ်ဘူးလား။ ငါမှားတာပါ။"

သူက ကျနော့်ကို အကြည့်အနက်ရောင်ကြီးနဲ့ တချက်ကြည့်ပြီး တဖက်ကို ပြန်လှည့်သွားတယ်။ ကျနော်က ကျနော့်ပုခုံးနဲ့ သူ့ပုခုံးကို တိုက်လိုက်တယ်။
"မင်း ဘယ်အချိန်ထိ အဲ့လိုလုပ်နေအုန်းမှာလဲ။"

"မင်း အဲ့ချီးပေလေးနဲ့ ချိန်းတွေ့တယ်ဆိုတာ ငါ မယုံနိုင်ဘူး။" သူက ရေရွတ်တယ်။

အပြာရောင် အရေးအသားများ (18+)Where stories live. Discover now