ဒဲရက် POV
အီဗန့်အိမ်ကိုရောက်တော့ နှစ်ယောက်လုံး အထဲကို တိတ်ဆိတ်စွာ ဝင်လာခဲ့တယ်။
အိမ်ရှေ့တံခါးကို ပိတ်ပြီး လော့ချနေတာကို မြင်ပြီး ကျနော် စိတ်လှုပ်ရှားနေတယ်။ ဂျင်းဘောင်းဘီထဲကို လက်ထည့်ပြီးတော့ သူ့ရဲ့ကျောကို ငေးနေပြီး တစ်ခုခုပြောလာမှာကို စောင့်တယ်။ ဒါပေမယ့် သူက ဘာမှ မပြောဘူး။ နောက်လှည့်ပြီးတော့ပဲ ကျနော့်ကို ကြည့်တယ်။
Damn အစောပိုင်းကဆို ကျနော် အတော်လေး စိတ်အားထက်သန်နေခဲ့တာပါ။ ကွန်ဖီဒန့်ရှိတဲ့အပြင် မာန်တောင်နည်းနည်းတက်နေသေး။ ဘာကြောင့်ဆို ကျနော်က အီဗန့်ထက် လိင်ကိစ္စမှာ ပိုလို့အတွေ့အကြုံရှိတယ်လေ။ ဒါပေမယ့် ပြန်စဉ်းစားကြည့်တော့ ဒါဟာ သာမန် လိင်ကိစ္စမှမဟုတ်တာပဲ...တကယ်တမ်း ရှင်းရှင်းပဲပြောရင် ဂေးလိင်ကိစ္စပဲ။
ချီး၊ အဲ့တာနဲ့ ပတ်သတ်လို့ ကျနော် ဘာသိတာမို့လဲ။ ဟုတ်တယ် နည်းလေးဘာလေးရမလားဆိုပြီး ကင့်ရဲ့ဟိုမိုကာတွန်းတွေထဲ လှန်လှောကြည့်ခဲ့တယ်ဆိုပေမယ့်လဲပဲ လက်ရှိဟာက တကယ့်အပြင်ဘဝမှာ ဖြစ်တော့မှာလေ။ ဒီကာတွန်းတွေက ဘာမှတော့ မဟုတ်ဘူးဆိုပေမယ့် အခုချိန် လက်ထဲရှိနေရင် ကောင်းမှာပဲလို့ တောင်းတမိတယ်။ ဒီဥစ္စာကို ဘယ်လိုစပြီးလုပ်ရမလဲဆိုတာ ရှာတွေ့ကောင်းတွေ့နိုင်-
"အဟမ်း" အီဗန်ကပဲ စပြီးစကားထွက်လာတယ်။ "မင်း....မင်း တစ်ခုခုသောက်ချင်လား"
ကျနော် ခေါင်းခါလိုက်တယ်။
အီဗန်က တံတွေးမြိုချတယ်။
"အာ့ အိုကေ"
သူက လမ်းလျှောက်ပြီး ကျနော့်ကို ဖြတ်တယ်။ ပုခုံးကိုလဲ ဖွဖွလေးတိုက်သွားသေးတယ်။ အထိအတွေ့မှာပဲ ရပ်ဆိုင်းလိုက်ပြီး ကျနော်နဲ့မျက်လုံးချင်းဆုံတယ်။ ကျနော် သူ့ကို ပြန်ကြည့်တယ်။ အိတ်ကပ်ထဲက လက်ဟာ ယားသလိုလိုဖြစ်နေတယ်။ ကျနော်တို့ကြားက ရုတ်တရပ်တင်းအားက အသက်ရှုမဝတာဖြစ်စေတယ်။ ကောင်းတဲ့နည်းနဲ့လား ဆိုးတဲ့နည်းနဲ့လားဆိုတာတော့ သေချာမသိဘူး။ တစ်ခုပဲသိတယ်။ တကယ့်ကို ကြောင်တောင်တောင်အခြေအနေကြီးပဲ။
YOU ARE READING
အပြာရောင် အရေးအသားများ (18+)
Short Storyလိင်တူ လိင်ဆက်ဆံတဲ့အခန်းများပါသည့်အရေးအသားများ + အရွယ်ရောက်ပြီးသူများသာဖတ်ရန်