အထက်တန်းကျောင်းက အတင်းအဖျင်း (၃၆)

129 5 0
                                    

အီ‌ဗန့် POV

ဒဲရက် နောက်ကျတယ်။

ကျနော် လက်က နာရီကို ကြည့်ပြီး သက်ပြင်းချတယ်။ သူကျနော့်ကို ဒီ Mall စားသောက်ဆိုင်တန်းမှာ ဘယ်လောက်တောင် စောင့်ခိုင်းမလို့လဲ။ ပြောထားတဲ့အချိန်ကို မိနစ် နှစ်ဆယ်တောင် လွန်နေပြီ။

"ဟိုင်း"
ချိုသာတဲ့မိန်းကလေးအသံတစ်ခု ကျနော့်နောက်ကနေ ထွက်လာတယ်။ ကျနော် လှည့်ကြည့်တော့ ကောင်မလေးနှစ်ယောက်၊ တစ်ယောက်က ရွှေဝါရောင်ဆံပင် နောက်တစ်ယောက်က နီညိုရောင်၊ ကျနော် နောက်မှာ ရပ်နေတယ်။
"နင်က တစ်ယောက်ထဲလား"

ကျနော် သူတို့ကို အားနာတဲ့အပြုံးပြုံးပြလိုက်တယ်။
"မဟုတ်ဘူး။ စော်ရီးပါ။ ကျနော် ဒီမှာ လူတစ်ယောက်နဲ့ ချိန်းထားလို့"

"အော်" နီညိုရောင်က ပြောတယ်။ "စော်ရီးနော်"

သူတို့ကို စိတ်အားမပေးချင်တာနဲ့ပဲ မြန်မြန်ပြန်လှည့်ပြီး ကျနော့်အညိုရောင်ဂျက်ကပ်ထဲက‌နေ ဖုန်းကို ထုတ်လိုက်တယ်။ ကျနော် ဒဲရက် နံပတ်ကိုခေါ်ပြီး သူ ဖုန်းကိုင်တာကို စောင့်တယ်။ ကြမ်းပြင်ပေါ်ကို စိတ်မရှည်ပဲ ခြေထောက်နဲ့ ခေါက်တယ်။

တကယ်ပဲ။ သူ့မှာ ဘာများနောက်ကျစရာရှိသေးလို့လဲ။

"ဟယ်လို" သူက ဖုန်းဖြေတယ်။ တဖက်က လေသံတွေ ကြားရတယ်။

"ဒဲရက်" ကျနော် အသံကို ဖိပြောလိုက်တယ်။
"မင်း ဘယ်မှာလဲ။"

"အီဗန်! ငါလာနေပြီ။ စိတ် မပူနဲ့။ ငါရောက်တော့မှာ။ မကြားဘူး။ ဒီမှာ ကိစ္စတစ်ခုဖြစ်လို့"

ကျနော်နောက်ကို လှည့်ကြည့်တော့ ကောင်မလေးနှစ်ယောက် ကျနော့်နားက ခုံမှာ ထိုင်ဖို့လုပ်နေတယ်။ ကျနော့်အသံကြားရလောက်တဲ့နေရာမှာ။ ကျနော် လှည့်ကြည့်လိုက်တော့ သူတို့က ချက်ချင်းပဲ စကားပြန်ဆက်ပြောတယ်။

"အခုက ဘယ်မှာလဲ" ကျနော် ထပ်မေးလိုက်တယ်။

"mallထဲမှာ"

"ဘာ? mallထဲမှာ ဟုတ်လား။ မင်း တစ်ချိန်လုံး ဒီထဲရှိနေခဲ့တာလား။ ဒါမှမဟုတ် ခုမှ ရောက်တာလား"

အပြာရောင် အရေးအသားများ (18+)Where stories live. Discover now