ဒဲရက် POV
"မင်း အဆင်သင့်ဖြစ်ရဲ့လား။"
"ဟာကွာ အီဗန်။" ကျနော် စိတ်ပေါက်လာပြီ။ "မင်း ငါ့ကို ဘယ်နှစ်ခါလောက်မေးနေတာလဲ။"
"ငါက မင်းကို သေချာစေချင်လို့ပါ။"
"လာ" ကျနော် ကားတံခါးဖွင့်ပြီး အပြင်ကို ထွက်လိုက်တယ်။ "သရဲဘောကြောင်ပြီး မင်းရဲ့ကားထဲမှာပုန်းမနေနိုင်ဘူး။"
ဟုတ်တယ်။ ကျနော်က သူတို့ကို ကြောက်နေရမှာလား။ ဒါပေမယ့် ကျနော် စိုးရိမ်ကြောင့်ကြမရှိဘူးလို့ပြောရင်တော့ လိမ်ရာကျမှာပဲ။ ကျနော်တို့သူငယ်ချင်းတွေ ကျနော်တို့ကို ဘယ်လို ဆက်ဆံမှာလဲ။ ကျနော်တို့ရဲ့ သူငယ်ချင်းတွေမဟုတ်ပေမယ့် ကျနော်တို့ကို လေးစားခဲ့တဲ့သူတွေကရော ကျနော်တို့ကို ဘယ်လို ဆက်ဆံမှာလဲ။အီဗန် ကားက ထွက်လာတာကို ကြည့်လိုက်တယ်။ သူ့ခန္ဓာကိုယ်ကို ဖြောင့်မတ်လိုက်တယ်။ သူမျက်လုံးနဲ့ ကျနော်မျက်လုံး စက္ကန့်ဝက်လောက်လေး ဆုံပြီးမှ လွှဲချသွားတယ်။ ကားထဲကထွက်တယ်ဆိုတာနဲ့ အားလုံးရဲ့ အာရုံတွေက ကျနော်တို့ဆီ တိုက်ရိုက်ရောက်လာတယ်။ အီဗန်က သတိထားမိလားတော့မသိ ဘာမှမပြောဘူး။ အဲ့အစား ကျနော့်ကိုမစောင့်တော့ပဲ သူ့အိတ်ကိုယူပြီး ကားရှေ့ကနေ ထွက်သွားတယ်။
"ဟေး" ငေးကြည့်နေကြတဲ့အကြည့်တွေကို မကြည့်တော့ပဲ နောက်ကနေ လိုက်သွားလိုက်တယ်။
"မင်း အဲ့တာ ဘာလုပ်တာလဲ။"ဒါက စီစဉ်ထားတဲ့အတိုင်းမဟုတ်ဘူး။ ကျနော်တို့ ခါတိုင်းလိုပဲ အတူတူလျှောက်ပြီး ဝင်ကြဖို့ပဲ သဘောတူထားတာ။ မနေ့ကဖြစ်တဲ့ကိစ္စကြောင့်နဲ့ ဘာမှမပြောင်းလဲပဲနဲ့ ခါတိုင်းအတိုင်းပဲ ပြုမူနေထိုင်ကြဖို့ကို သူကပဲစပြောခဲ့တာလေ။
"ငါ စိတ်ပြောင်းသွားပြီ။" သူကပြောတယ်။ "မင်း ငါနဲ့အတူတူတွဲမမြင်သင့်ဘူး။ ပိုကောင်းတာက-"
"သူတောင်းစား" ကျနော် သူ့လက်ကို ဆွဲယူလိုက်ပြီး ကျနော်နဲ့ မျက်နှာချင်းဆိုင်လိုက်တယ်။
"ဘာလဲ။ အခု ကျောင်းရောက်ခါမှ မင်းကြောက်ချီးပါပြီး ငါ့ကို ပစ်သွားမလို့ပေါ့။ ဟုတ်လား။"
ВЫ ЧИТАЕТЕ
အပြာရောင် အရေးအသားများ (18+)
Короткий рассказလိင်တူ လိင်ဆက်ဆံတဲ့အခန်းများပါသည့်အရေးအသားများ + အရွယ်ရောက်ပြီးသူများသာဖတ်ရန်