အထက်တန်းကျောင်းက အတင်းအဖျင်း (၂၃)

1.1K 20 1
                                    

အီဗန် POV

"ရှယ်လီ" ကျနော် သူ့အသံကြောင့် စိတ်ပူပင်သွားတယ်။
"ရှယ်လီ ဘာဖြစ်လို့လဲ"

"အီဗန်" သူက ကျနော် ကြား‌ရုံလောက်ပဲ တိုးလျတဲ့အသံနဲ့ပြောတယ်။
"ကူညီပါအုန်း ငါ့ကို ကျေးဇူးပြုပြီးတော့"

"ဘာဖြစ်လို့လဲ။ ဘာတွေ ဖြစ်နေတာလဲ။ နင် အခုဘယ်မှာလဲ"

ဟိုဘက်ကနေ တစ်ခုခု ‌ပြင်းပြင်းထန်ထန် ပြုတ်ကျတဲ့အသံကြားတော့ ကျနော် လန့်သွားတယ်။
"ရှယ်လီ! ရှယ်လီ! နင်ရှိသေးလား"

"ငါ အရမ်း ပင်ပန်းနေပြီ။ ငါ မအန်နိုင်တော့ဘူး" သူမရဲ့ အားနည်းတဲ့အသံကို ကြားရတယ်။
"ငါ ငါ့ကလေးကို သတ်မိပြီလားမသိဘူး"

ကျနော် အတော်လေး ထိတ်လန့်အံ့ဩစွာနဲ့ လက်ကို ဆံပင်တွေထဲ ထည့်ဖီးလိုက်တယ်။ သိသိသာသာပဲ သူအရမ်းမူးနေတာပဲ။ အဲ့တာကြောင့်လဲ အဲ့လောက် အန်နေရတာပေါ့။
"ရှယ် နင်က ကိုယ်ဝန်ဆောင်ထားရလေ။ ဘာလို့များ သောက်နေရတာလဲ"

"ငါ-ငါ မသိဘူး ဒါပေမယ့် ငါ-ငါ့ကလေးကို မသေစေချင်ဘူး...ကျေးဇူးပြုပြီး...ငါ့ကို ကူညီပါ။ အို ဘုရားသခင်...တစ်ယောက်ယောက် ငါ့ကို ကူညီကြပါ။"

ကျနော် မျက်လုံးတွေကို ပိတ်လိုက်တယ်။ ရုတ်တရပ်ဆိုသလိုပဲ ကမ္ဘာကြီးတစ်ခုလုံးရဲ့အလေးချိန်က ကျနော့် ပုခုံးပေါ် လာတင်နေသလို ခံစားရတယ်။ ကျနော် အခု သူ့ကို ပစ်ထားလို့ မရဘူး။
"ရှယ်လီ၊ နင် ဘယ်မှာလဲ။ နင့်ကို ငါလာခေါ်ပြီး ဆေးရုံကို ပို့ပေးမယ်"

"ငါ....ငါ မသိဘူး"

"ဘာ?"

"ငါ ဘယ်..ဘယ်မှာလဲဆိုတာကို ငါမသိဘူး" သူက ငိုနေတယ်။
"ငါ သူနယ်ချင်း တစ်ယောက်နဲ့ လ-လာတာ"

ကျနော် မျက်လုံးတွေ ပွတ်လိုက်တယ်။
"ရှယ်လီ။ စိတ်အေးအေးထား။ အခု သတိမလစ်လိုက်နဲ့နော်။ နင် အခု အိမ်ပြင်ကို ထွက်ဖို့လိုတယ်။ ပြီးရင် လမ်းဆိုင်းပုဒ်နဲ့ အိမ်အမှတ်ကို သွားဖတ်ပေး"

ကျနော် လမ်းနာမယ်လောက်သိရင်ကို ရှာလို့ရမယ်လို့ ယုံကြည်တယ်။ သူ အချက်အလက်မှန်မှန်ပဲ ပေးဖို့လိုတာ။

အပြာရောင် အရေးအသားများ (18+)Where stories live. Discover now